




နေမိုး
၁၁. ၇. ၂၀၂၆
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA ထိန်းချုပ်ထားသော ဂွမြို့ကို တပ်မတော်ချေမှုန်းမှုတွင် လေးဦးသေပြီး နှစ်ဦးဒဏ်ရာပြင်းထန်သည်ဟု AA က ယနေ့ ဝန်ခံသည်။
တပ်မတော်အနေဖြင့် AA အပါအဝင် အကြမ်းဖက်အဖြစ် သတ်မှတ်ထားသည့်လက်နက်ကိုင်များကို ချေမှုန်းတော့မည်ဖြစ်သဖြင့် အကြမ်းဖက်များနှင့် ယှဥ်တွဲနေထိုင်ခြင်းမပြုရန် သတိပေးချက်များ နေ့စဥ်မပြတ်ထုတ်ပြန်ပြီးနောက် အကြမ်းဖက်များကို စစ်ရေးဗျူဟာအလိုက် အလှည််ကျချေမှုန်းတိုက်ခိုက်နေရာ ရှမ်း၊ ကယား၊ မန္တလေး၊ ချင်း၊ စစ်ကိုင်း စသည့်ဒေသများတွင် မြို့များစွာ ပြန်လည်သိမ်းယူခဲ့ပြီးနောက် အကြမ်းဖက် AA ထိန်းချုပ်ထားသော ဒေသများကို ပြန်လည်ထိုးစစ်ဆင်မှုပြုလုပ်နေရာ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ဂွမြို့နယ်၊ ပေါက်တူးကျေးရွာနှင့် ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာတို့ရှိ AA အကြမ်းဖက်သမားများ အခြေပြုနေရာတို့ကို ချေမှုန်းခဲ့သည်။
ထိုသို့ ချေမှုန်းမှုအတွင်း လေးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရသည်ဟု AA က ဝန်ခံသော်လည်း သေဆုံးသူများမှာ အရပ်သားများသာဖြစ်သည်ဟု AA ၏ ထုံးစံအတိုင်း AA လက်နက်ကိုင်များ မည်သည့်အခါမှ သေဆုံးကြောင်းမထုတ်ပြန်သည်မူဝါဒဖြင့် ဖုံးဖိထုတ်ပြန်ခဲ့သည်။
သို့သော် MT News ၏ မြေပြင်စုံစမ်းမှုများအရ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း AA အကြမ်းဖက်လက်နက်ကိုင်များနှင့် မိသားစုဝင်များ ဆယ်ဦးထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု သိရသလို ဇူလိုင် ၈ ရက်နေ့ကလည်း ဂွကမ်းခြေနှင့် ဘောမိကမ်းခြေကို ရေပြင်မှ တိုက်ခိုက်ရာ ကျိန္တလီမြို့နေသူ AA မိသားစုဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း AA က ဝန်ခံထားသည်။
