




နေမိုး
၁၀. ၇. ၂၀၂၆
ချောက်မြို့နယ်၊ တောင်သာရွာနဲ့ စမ်းစုရွာမှာ လုံခြုံရေးတပ်ဖွဲ့ စစ်ကြောင်းကို ခြုံခိုချောင်းမြောင်းတိုက်ခိုက်တဲ့ PDF တွေ တန်ပြန်ခြုံခိုတိုက်ခိုက်ခံရလို့ အနည်းဆုံး PDF ၂၀ ပွဲချင်းပြီးသေသွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ဒီနေ့မနက် ၈ နာရီခန့်အချိန် ချောက်မြို့နယ်မှာ နယ်မြေရှင်းလင်းနေတဲ့ ရဲကွန်မန်ဒိုတွေပါဝင်တယ်ဆိုတဲ့ လုံခြုံရေးစစ်ကြောင်းကို ချောက်မြို့နယ် တောင်သာရွာနဲ့ စမ်းစုရွာကြား PDF တွေ ခြုံခ်ိုတိုက်ခိုက်ဖို့ ချောင်းမြောင်းချိန် ဒီလိုချောင်းမြောင်းနေတဲ့ PDF တွေကို လုံခြုံရေးစစ်ကြောင်းက ဝေဟင်ကတွေ့ပြီး တန်ပြန် ပိတ်ဆို့ ပစ်ခတ်ဖမ်းဆီးရာက တိုက်ပွဲအတွင်း PDF အနည်းဆုံး ၂၀ သေသွားခဲ့တာပါ။
ဒီဖြစ်စဥ်မှာ ပါဝင်တဲ့ PDF တွေက မကွေးတိုင်း PDF တွေဦးဆောင်တဲ့ တပ်ရင်း (၃) အပါအဝင် ပူးပေါင်း PDF အဖွဲ့တွေလို့ သိရပြီး ရဲကွန်မန်ဒိုတွေပါဝင်တဲ့ လုံခြုံရေးစစ်ကြောင်းကို ဒုရဲမှူးကြီးကျော်သူ ဦးဆောင်တယ်လို့ NUG ထောက်ခံတဲ့ ပြည်ပပြေးမီဒီယာတွေက ဖော်ပြပါတယ်။
လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ မီဒီယာတွေမှာတော့ PDF အလောင်း ၂၀ ပုံ ထုတ်ပြန်ထားသလို လက်နက် ၂၀ နဲ့ ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်မှာ PDF အနည်းဆုံး ၂၀ နဲ့ ၃၀ ကြား သေတာက မှန်ကန်ပေမဲ့ မကွေး PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ PDF တွေ အသေများတာကြောင့် လက်ရှိအချိန်အထိ ထုတ်ပြန်မှု မရှိ ဖုံးဖိထားဆဲဖြစ်ပါတယ်။ Photo – Hmine Wai
