
သတိုး
၁၂. ၇. ၂၀၂၆
ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် သူမအား ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) မှ နိုင်ငံခြားရေးဝန်ကြီးများကို တနင်္ဂနွေနေ့ (ဇူလိုင် ၁၂ ရက်) တွင် ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုအတွင်း မဲမသမာမှုပြုခဲ့သည့် NLD အစိုးရ ဖယ်ရှားခံရကတည်းက ထိန်းသိမ်းခံထားရသည့် အသက် (၈၁) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်သည့်အပြင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် မာရီယာ ထရီဆာ လာဇာရို (Maria Theresa Lazaro) က ကြိုးပမ်းနေခြင်းဖြစ်သည်။
”ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်အပေါ် ကျွန်မအမှတ်ရသလောက်ဆိုရင်တော့ သူမ ကျန်းမာရေးကောင်းမွန်ပါတယ်။ သူမဟာ ဆွေမျိုးတစ်ဦး၊ ညီအစ်မတစ်ဦးလို ဖြစ်တာကြောင့် ကျွန်တော်တို့ ကောင်းကောင်းစောင့်ရှောက်မှာပါ ဆိုတဲ့အယူအဆမျိုးနဲ့ သူက ပြောသွားတာပါ” ဟု လာဇာရိုက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုများအပါအဝင် စွဲချက်များစွာဖြင့် ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်သော်လည်း မကြာသေးမီကပင် အဆိုပါပြစ်ဒဏ်များထဲမှ သုံးပုံတစ်ပုံကို လျှော့ပေါ့ပေးခဲ့သည်။
အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့မှ ထိပ်တန်းသံတမန်များသည် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယနေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် လူကိုယ်တိုင်တွေ့ဆုံခဲ့ကြသည်။ ယင်းမှာ နိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲများကို အဆုံးသတ်ရန် ပျက်ကွက်နေသည့် ၅ နှစ်သက်တမ်းရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။
အဆိုပါပဋိပက္ခကြောင့် လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးခဲ့ပြီး သန်းနှင့်ချီသော လူဦးရေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ သို့သော် AAPP ၏ ထုတ်ပြန်စွပ်စွဲချက်အရ တပ်မတော်ကြောင့် သေဆုံးရသူမှာ ယခု ဇူလိုင် ၁၀ ရက်အထိ ၈၁၅၁ ဦးဟုသာ ဖော်ပြထားသဖြင့် ကျန်လူဦးရေ ၉၀၀၀၀ ကျော်မှာ NUG, PDF နှင့် EAOs တို့ကြောင့် သေဆုံးရသည်ဟု ကောက်ချက်ယူရမည့်အခြေအနေဖြင်သလို NUG ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၂ ကာလကတည်းကပင် လူ ၃၀၀၀၀ ကျော် သတ်ထားသည်ဟု Reuters Next အစီအစဥ်နှင့် တွေ့ဆုံစဥ် ဝန်ခံထားသည်။
မြန်မာအစိုးရခေါင်းဆောင်ပိုင်းသည် အာဆီယံအဖွဲ့နှင့် သဘောတူညီထားသည့် “ဘုံသဘောတူညီချက် ၅ ချက်” ပါ ငြိမ်းချမ်းရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်ဟုဆိုတာ အာဆီယံ၏ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခံခဲ့ရသည်။
ယခုနှစ်အစောပိုင်းတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် ပြီးခဲ့သည့် ဧပြီလကတည်းက မြန်မာနိုင်ငံကို အရပ်သားအစိုးရက ဦးဆောင်နေခြင်းဖြစ်သည်။ ဦးမင်းအောင်လှိုင်သည် ယခုအခါ သမ္မတဖြစ်လာပြီး အာဆီယံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ကြိုးပမ်းလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသော်လည်း လာဇာရိုက ဒေါ်အောင်ဆန်းစုကြည်အား “သတ်မှတ်ထားသော နေရာတစ်ခု” သို့ ပြောင်းရွှေ့ထားကြောင်း အသေးစိတ်မပြောဘဲ အစောပိုင်းတွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆတ် ဖူအန်ကတ်ကောင်း (Sihasak Phuangketkeow) ကလည်း ဘန်ကောက်မြို့တွင် ပြုလုပ်သည့် တနင်္ဂနွေနေ့ အလွတ်သဘောအစည်းအဝေးအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေသည် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်ပတ်သက်၍ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
”ကျွန်တော်တို့ဘက်ကလည်း အကယ်၍ အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးမယ်ဆိုရင် ပိုလို့တောင် ကောင်းဦးမလဲ၊ ဒါမှလည်း နိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်တွေကို ကျွန်တော်တို့ကိုယ်တိုင် အတည်ပြုနိုင်မှာ ဖြစ်ပါတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: Reuters
