

၁၂.၇.၂၀၂၆.
Translated by Htwe Ko Tun
ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့တွင် အကြီးဆုံး Latin လမ်းဘေးပွဲတော်ပြုလုပ်နေစဉ် ဇူလိုင်လ ၁၁ ရက်က အစုလိုက်အပြုံလိုက်ပစ်ခတ်မှု တစ်ရပ်ဖြစ်ပွားခဲ့ရာ သေနတ်သံများ ထွက်ပေါ်လာပြီး အနည်းဆုံး လူ နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်းရဲတပ်ဖွဲ့ က ပြောခဲ့သည်။
ဇူလိုင်လ ၁၁ ရက်ညက နှစ်ပတ်လည် Salsa on St. Clair ပွဲတော်အနီးတွင် သေနတ်သံများ ထွက်ပေါ်လာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ည ၈:၁၂ နာရီတွင် သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုတို တုံ့ပြန်ရန် ရဲအရာရှိများရောက်ရှိလာခဲ့သည်။
ည ၉:၁၅ နာရီတွင် ရဲများက “သံသယရှိသူများ မတွေ့ရှိရသေးဘဲ အခင်းဖြစ်ပွားရာနေရာကို လုံခြုံအောင်ထိန်းသိမ်းပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ လူခြောက်ဦးကို သေနတ်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ပြီး နှစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Salsa on St. Clair ပွဲတော်ကို ၂၂ နှစ်ကြာ နှစ်စဉ်ကျင်းပခဲ့သည့် မြို့လယ်ခေါင်ရှိ ဧရိယာဖြစ်သော St. Clair Avenue West နှင့် Arlington Avenue ဧရိယာမှ ဝေးဝေးနေရန် ပြည်သူလူထုအား တိုက်တွန်းထားသည်။
စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေချိန်တွင် ရဲတပ်ဖွဲ့အများအပြားသည် ထိုနေရာတွင် ရှိနေသေးသည်။
Ref-Toronto Today
