၅. ၁၀. ၂၀၂၂

Written by Nay Moe

ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့အနီးတွင် PDF မဟာမိတ်တပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်မှုတွင် လခရ ၆ ဦးကျဆုံးသည်ဟု မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း – ၃ က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့အနီးတွင် လှတောကျေးရွာကို စစ်ကြောင်းထိုးခဲ့သော လခရ ၈၀ ကျော် အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရွာသာကြီးရွာဘက်မှ လခရများ တပ်ကူလာသဖြင့် မဟာမိတ်တပ်ပေါင်းစုများမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ပြီး လခရများဘက်မှ ခြောက်ဦးကျကြောင်း သတင်းကောင်းပေးလိုက်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃၊ တပ်ခွဲ – ၃ ဂဠုန်နက် PDF၊ Ma Huu Yar Wild Horse၊ People Defence Force၊ Burmese Farmers Defense Force BFDF၊ ရွှေတြိဂံအဖွဲ့ ၊ သမန်းကျားအဖွဲ့ ၊ True Arrow LPDF နှင့် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီ မှ ၄ နာရီခွဲအထိ တစ်နာရီခွဲကျော်ကြာ တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *