
၅. ၅. ၂၀၂၅
Written by Nay Moe
ကျွဲ၊ နွားကအစ ဆက်ကြေးကောက်မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း အခွန် ကျပ် ၅၈၀ ဘီလျံကျော်အပြင် ရွှေစင် ၁၇ ပိဿာခန့်ပါ ရရှိခဲ့သည်ဟု NUG ၏ “စိုးမိုးထိန်းချုပ်နယ်မြေများတွင် အခွန်ဘဏ္ဍာရရှိမှု အခြေအနေ”ဖော်ပြချက်အရ သိရသည်။
NUG အနေဖြင့် နယ်မြေလုယက်စိုးမိုးထားနိုင်သည့်ဒေသများတွင် သစ်တော/ပတ်ဝန်းကျင်ကဏ္ဍနှင့် သတ္တု/ကျောက်မျက်ကဏ္ဍတို့မှ တရားမဝင်သယံဇာတများ ခိုးထုတ်ခြင်းကြောင့် ယမန်နှစ်အတွင်း ရရှိသည့် လေလံ၊ ဒဏ်ကြေးငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၄၇၂,၁၄၁ ဒသမ ၃၃၀၃ နှင့် ရွှေစင် ၁၆ ဒသမ ၉၄ ပိဿာဟု ဆိုသည်။
ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်လျက်ရှိသည့် ဒေသများတွင် ကျွဲ/နွား အခွန်ဘဏ္ဍာကောက်ခံခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ စုစုပေါင်း ၃,၃၄၉,၄၂၅,၀၀၀ ကျပ်ကို ကောက်ခံနိုင်ခဲ့သည်ဟုလည်း ပြောသည်။
ထို့အပြင် စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် ရေနံထွက်ပစ္စည်း လုပ်ငန်းများမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အခွန် စုစုပေါင်းကျပ် ၁၀၀ ဘီလျံကျော် ရရှိထားသည်ဟုလည်း NUG က ပြောသည်။
