



၁၇. ၄. ၂၀၂၅
Translated by Htwe Ko Tun
အာဂျင်တီးနားနိုင်ငံ၊ မြို့တော် ဗျူနိုအေးရီးစ်မှာ အငြိမ်းစားယူထားသူတွေရဲ့ အပတ်စဉ်ဆန္ဒပြမှုအတွင်း သူတို့က ကွန်ဂရက်လွှတ်တော်အနီး ယာဉ်အသွားအလာကို ပိတ်ဆို့ဖို့ကြိုးစားခဲ့ကြရာကနေ အဓိကရုဏ်းထိန်းရဲတပ်ဖွဲ့ဝင်တွေနဲ့ တင်းမာမှု အခြေအနေတစ်ရပ် ဧပြီလ ၁၆ ရက်က ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်ရပ်အတွင်း နှစ်ဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ရာမှာ အသက်အရွယ်ကြီးပြီဖြစ်တဲ့အမျိုးသမီးကြီးတစ်ဦးဆိုရင် ဓာတ်ငွေ့ ကြောင့် သက်ရောက်မှုရှိခဲ့တဲ့ ဆန္ဒပြသမားတစ်ယောက်ဖြစ်ခဲ့ရပြီး ဆေးဘက်ဆိုင်ရာကုသမှု ခံယူခဲ့ရပါတယ်။
အငြိမ်းစားယူထားသူတွေရဲ့ အပတ်စဉ်ဆန္ဒပြမှုတွေက မတ်လအတွင်းကစလို့ အကြမ်းဖက်မှုတွေတိုးပွားလာခဲ့ပြီး အငြိမ်းစားယူထားသူတွေရဲ့သူတို့အခွင့်အရေးတွေကို တောင်းဆိုမှုနဲ့ အစိုးရရဲ့တုံ့ပြန်မှုတွေကြောင့် မတည်မငြိမ်ဖြစ်လာခဲ့ပါတယ်။
အငြိမ်းစားယူထားသူတွေက သမ္မတ ဂျာဗီယာ မီလေး ရဲ့ ခြိုးခြံချွေတာရေးဆောင်ရွက်ချက်တွေကို ကန့် ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆောင်ရွက်ချက်တွေက သူတို့ရဲ့ ဘဝအသက်မွေးဝမ်းကျောင်းနေထိုင်ရေးကိုသိသာစွာ အကျိုးသက်ရောက်ခဲ့ပြီး ပစ္စည်းဝယ်ယူနိုင်စွမ်းအားဆုံးရှုံးကာ ဆေးကုသမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတို့ပြုဖို့လည်း သူတို့မှာ တင်းကြပ်မှုတွေဖြစ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
Ref- Reuters