၇.၄.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ၏ နာဂါစကီး စီရင်စုအတွင်း လေဆိပ်တစ်ခုမှ ဖူကူအိုကာမြို့ဆေးရုံသို့ လူနာတစ်ဦးကို ပို့ဆောင်ရန်အတွက် လူနာကိုသယ်ဆောင်ပြီး ပျံသန်းလာသော ဆေးကုသမှုဆိုင်ရာ ရဟတ်ယာဉ်တစ်စီးမှာ ဂျပန်နိုင်ငံအနောက်တောင်ကမ်းရိုးတန်း ပင်လယ်ပြင်အတွင်းသို့ ဧပြီလ ၆ ရက်က ပျက်ကျခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ က ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်တွင် ရဟတ်ယာဉ်ပျက်ကျမှု၌ လူနာနှင့် ရဟတ်ယာဉ်ပေါ်ပါ အခြားနှစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း ကမ်းခြေစောင့်တပ်ဖွဲ့က ဧပြီလ ၇ ရက်တွင် ထပ်မံပြောကြားခဲ့သည်။
အသက် ၆၆ နှစ်ရှိ ရဟတ်ယာဉ်မှူး ဟီရိုရှီ ဟာမာဒါ၊ ရဟတ်ယာဉ်စက်ပြင် ကာဇူတို ယိုရှီတာကီနှင့် အသက် ၂၈ နှစ်ရှိ သူနာပြုဆရာမ ဆာကူရာ ကူနီတာကီတို့ သုံးဦးအား အသက်ကယ်ကိရိယာများကို ဖက်တွယ်လျက်မျောပါနေကြစဉ် ကယ်ဆယ်နိုင်ခဲ့ခြင်းဟု သိရသည်။ ၎င်းတို့သုံးဦးစလုံးက ကိုယ်ပူရှိန်အလွန်အမင်း ကျဆင်းနေကြသော်လည်း သတိရလျက်ရှိကြသေးကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောခဲ့သည်။
သေဆုံးသူသုံးဦးမှာ အသက် ၃၄ နှစ်ရှိ ဆရာဝန်ကီအရာကာဝါ၊ ဘလူနာဖြစ်သူ အသက် ၈၆ နှစ်ရှိ မစ်ကဆူကီ မိုတိုရှီနှင့် ၎င်း၏အစောင့် အသက် ၆၈ နှစ်ရှိ ကာဇူရိုရှီ မိုတိုရှီတို့ဖြစ်ကြောင်းလည်း သိရသည်။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ရဟတ်ယာဉ်ပျက်ကျမှုတွင် ကယ်ဆယ်ရေးလုပ်ငန်းကို လေယာဉ်နှစ်စီး၊ သင်္ဘောသုံးစီးတို့ဖြင့်ဖြန့်ကျက်ရှာဖွေကာ ဆောင်ရွက်ခဲ့ကြကြောင်း ပြောခဲ့ကြသည်။ ကမ်းခြေစောင့်တပ်ဖွဲ့က ရဟတ်ယာဉ်ပျက်ကျရမှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ပြောခဲ့သည်။
Ref- The Hindustan Times
