Photo -MFSD

MT News

Written by Thettant

ကျိုင်းတုံ-တောင်ကြီးပြေးဆွဲသည့် အဝေးပြေးယာဥ်တိမ်းမှောက်သဖြင့် ယာဥ်မောင်းသေဆုံးကာ ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့မှု အောက်တိုဘာ ၄ ရက်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

”ကားက ဘရိတ်ပေါက်ပြီး လမ်းဘေးကိုဝင်တိုက်တာလို့ပြောတယ်။ ဒရိုင်ဘာကတော့ ပွဲချင်းပြီးဆုံးပါးသွားရှာတယ်”ဟု အဆိုပါဖြစ်စဥ်ကို တွေ့မြင်ခဲ့သူတစ်ဦးက ပြောသည်။

ထိုဖြစ်စဥ်မှာ ယနေ့ ၃ နာရီ ၃၅ မိနစ်ခန့်က ရှမ်းပြည် နယ်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီး-မိုင်းပျဉ်းကားလမ်း၊ မိုင်တိုင်အမှတ်(၃၆၅)နှင့် (၃၆၆)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၇)ဦး၊ မ(၁)ဦးစုစုပေါင်း (၈)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် ယာဉ်မောင်း ကျား(၁)ဦး(သေဆုံး) အား စိုင်းနေ နာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

Photo -MFSD

Leave a Reply

Your email address will not be published. Required fields are marked *

Related News