
၁၄.၂.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ပက်ရှနာဘူရီပြည်နယ်မှာ ဘတ်စ်ကားတစ်စီးက အများပြည်သူရေပိုက်တစ်ခုနဲ့ ဓာတ်တိုင်တစ်ခုတို့ကို မတ်လ ၁၄ ရက် နံနက်ပိုင်းက ဝင်တိုက်မိခဲ့ရာမှာ အနည်းဆုံး ခရီးသည် ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
ပက်ခါဆမ် အဝေးပြေးလမ်းအတိုင်း ဘန်ကောက်မြို့ကို ဦးတည်မောင်းနှင်လာခိုက် နံနက် ၄ နာရီအချိန်မှာ ခုလို မတော်တဆမှုဖြစ်ခဲ့တာပါ။ အဝေးပြေးဘတ်စ်ကား က ရာနောင်းပြည်နယ်မှဖြစ်ပြီး ပက်ရှနာ ဘူရီပြည်နယ်၊ ခေါရွိုင်ခရိုင်မှာ ယာဉ်ကိုမထိန်းနိုင်ဖြစ်ကာ ခုလို ဖြစ်ခဲ့ရတာပါ။
နိုင်ငံခြားသားတွေပါဝင်တဲ့ ဒဏ်ရာရခရီးသည်တွေကို ခေါရွိုင်ခရိုင်ဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ သိရပါ တယ်။
ရဲတပ်ဖွဲ့က ဘတ်စ်ကားပေါ်မှာ မြန်မာနိုင်ငံသား ၁၂ ဦးအပါအဝင် ခရီးသည် ၃၆ ဦးလိုက်ပါလာတာလို့ ပြောခဲ့ပါတယ်။ ဘတ်စ်ကားက ရာနောင်းပြည်နယ်မြို့တော်ကနေ မတ်လ ၁၃ ရက် ညပိုင်းမှာထွက်လာတာလို့လည်း သိရပါတယ်။
ဒါ့ပြင် ကားပေါ်မှာ ဂျာမနီ၊ ပြင်သစ်နဲ့ အမေရိကန်တို့မှ နိုင်ငံခြားသား ၁၂ ဦးလည်း လိုက်ပါလာပါတယ်။
ယာဉ်မောင်း ရက်ချတ် ဖူခေါက ကားပေါ်မှာအိပ်ငိုက်ကာ ကားကိုမထိန်းနိုင်ဖြစ်ခဲ့ရတယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။
Ref- Bangkok Post
