




၉.၃.၂၀၂၅
Written By Thandar
နွေရာသီနဲ့ လိုက်ဖက်တဲ့ The Best One Summer Fashion Fest အထူးပရိုမိုးရှင်းပွဲကြီး အခမ်းအနားကို မတ်လ ၇ ရက်ကနေ ၉ ရက်အထိ Junction City ပရိုမိုးရှင်း ဧရိယာမှာ ကျင်းပခဲ့ရာ နှုတ်ခမ်းနီမလေးများရဲ့ အသည်းစွဲအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော့်အနေနဲ့ The Best One နဲ့က ပွဲအနေနဲ့က ပထမဆုံး ဆုံတာပါ။ ရှေ့ ရှိုးပွဲတချို့မှာလည်း ဝတ်စုံလေးတွေ စီစဉ်ပေးတာပါ။ ကျွန်တော်ကတော့ ပြည်တွင်းဖြစ်ကို အားပေးတယ်။ အရမ်းလည်း သဘောကျတယ်။ ပခုက္ကူစောင်တွေနဲ့လည်း အင်္ကျီတွေချုပ်တယ်လေ။ ခုဝတ်ထားတဲ့ အပေါ်ထပ်လေးဆိုလည်း သူတို့ထုတ်တာပါပဲ။ ပေါ့ပေါ့ပါးပါးလူငယ်စတိုင်မို့ ကြိုက်နှစ်သက်ပါတယ်။ ပူအိုက်တဲ့အချိန်ဆိုတော့ ချည်ထည်လေးတွေဆိုတော့ အဆင်ပြေပါတယ်”လို့ သရုပ် ဆောင် စိုင်းစည်တွမ်ခမ်းကပြောပါတယ်။
အဆိုပါ ပရိုမိုးရှင်းပွဲကြီးကို ပရိသန်အချစ်တော် ရှိန်းတင်ထူး၊ စိုင်းစည်တွမ်ခမ်း၊ ရတနာမိုင်၊ ချမ်းမြေ့မောင်ချိုတို့က တက်ရောက်ခဲ့ပြီးတော့ ပရိသတ်တွေနဲ့ ဂိမ်းတွေ အတူဆော့ကစားခဲ့တဲ့ အပြင်တေးသီချင်းများနဲ့လည်း သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။
