



၆.၃.၂၀၂၅
Written By Thandar
အထည်ကြီးပျက်၊ ရင်ထဲကနွေ၊ နောက်ဆုံးအချစ်၊ အဆက်ဟောင်း စတဲ့ တေးသီချင်းတွေနဲ့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ အဆိုတော် ဖြိုးကြီးကတော့ ယနေ့ မတ်လ ၆ ရက်က ချစ်သူနဲ့ ရွှေလက်တွဲ ထိမ်းမြားလက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။
“ထိမ်းမြားလက်ထပ်မင်္ဂလာ 6.3.2025” လို့ အဆိုတော် ဖြိုးကြီးက ပရိသတ်သိအောင် ရင်ဖွင့်လာပါတယ်။
သူဟာတော့ ချစ်သူ ခိုင်မို့မို့သဲနဲ့ ထိမ်းမြားလက်ထပ် မင်္ဂလာပွဲလေး ကျင်းပခဲ့တာပါ။ အဆိုတော်ဖြိုးကြီးက ချစ်သူနဲ့ Anniversary အနေနဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း ကျင်းပခဲ့ပြီးတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ချစ်သူဆီကို လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။
အဆိုပါ Post အောက်မှာတော့ “Congratulations Khine Mo Mo The ညီမလေးရေ ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေ” ၊ “ရှမ်းဝတ်စုံလေးနဲ့လှလိုက်တာ” ၊ “Congratulations သားနဲ့သမီး”၊ “Congratulation ပါ အစ်ကို
သက်ဆုံးတိုင်ပျော်ရွှင်ပါစေ” စတာတွေကို အနုပညာမောင်နှမတွေနဲ့ ချစ်ပရိသတ်တွေက ဆုမွန်တောင်းပေးထားကြပါတယ်။
