၂၄.၂. ၂၀၂၅
Translated by Thettant
အိန္ဒိယငါးဖမ်းလှေငါးစင်းနဲ့ ငါးဖမ်းသမား ၃၂ ဦးကို သီရိလင်္ကာပိုင်နက်ရေပြင်မှာ မှောင်ခိုငါးခိုးဖမ်းမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ သီရိလင်္ကာရေတပ်က တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ မြောက်ပိုင်းခရိုင်ရဲ့ အဓိကမြို့တစ်ခုဖြစ်တဲ့ မန်နားမြို့ မြောက်ဘက် ရေပြင်မှာ စနေနေ့ညနဲ့ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ပြုလုပ်တဲ့ အထူးစစ်ဆင်ရေးအတွင်း အိန္ဒိယငါးခိုးဖမ်းသူတွေကို ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့လည်း ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ ဖမ်းမိ အိန္ဒိယငါးဖမ်းစက်လှေတွေနဲ့ ဖမ်းမိထားတဲ့ အိန္ဒိယ ငါးဖမ်းသမားတွေကို မန်နာမြို့က ငါးလုပ်ငန်းစစ်ဆေးရေးအရာရှိထံ ဥပဒေနဲ့အညီ ဆက်လက်အရေးယူလုပ်ဆောင်ဖို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း သီရိလင်္ကာရေတပ်က ပြောခဲ့ပါတယ်။
နောက်ဆုံးဖမ်းဆီးမှုစာရင်းအရ ဒီ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာတင် သီရိလင်္ကာရေပိုင်နက်အတွင်း ငါးခိုးဖမ်းမှုနဲ့ အိန္ဒိယငါးဖမ်းသင်္ဘော ၁၈ စင်းကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းငါးဖမ်းသမားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုအပေါ် စိုးရိမ်ပူပန်မှုတွေကြောင့် ပြည်ပရေယာဉ်တွေဝင်ရောက်ပြီး တရားမဝင်ငါးဖမ်းမှုကို တားဆီးဖို့အတွက် သီရိလင်္ကာရေပြင်မှာပုံမှန်ကင်းလှည့်ခြင်းနဲ့ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သီရိလင်္ကာရေတပ်က အလေးပေးပြောကြားခဲ့ပါတယ်။
Ref, Xinhua
