




၁၇.၂.၂၀၂၅
Written By Thandar
ကျွန်မတေးသီချင်းကြောင့် ပရိသတ်နဲ့ ရင်ဘတ်ခြင်းထိခဲ့တဲ့ တေးသံရှင် ကေကေမိုးကို ချစ်သူက လက်ထပ်ခွင့်တောင်းခံရလို့ ကျွန်မ လင်ရတော့မယ်လို့ ပရိသတ်သိအောင် ရင်ဖွင့်လာပါတယ်။
” ကျမ လင်ရတော့မယ်ရှင့် Confirm Said Yes ။ သဲအပေါ် အမြဲတန်ဖိုးထားပြီး ချစ်ပေးလို့ ကျေးဇူးပါမောင်”လို့ အဆိုတော် ကေကေမိုးက ပရိသတ်သိအောင် ရင်ဖွင့်လာပါတယ်။
သူမကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က Valentine’s Day ချစ်သူများနေ့မှာ ချစ်သူက လက်ထပ်ခွင့်တောင်းပုံနဲ့ Pre Wedding ပုံလေးတွေ တင်လာတာလည်းဖြစ်ပါတယ်။
တချို့ အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေကလည်း “သူမ ဒါကြောင့် ပိုလှလာတာကိုး၊ Congratulations ၊ လှလိုက်တာ ကေရေ့ Great great congratulations ” စတာတွေ Comment ပေးလာကြပါတယ်။
ကေကေမိုးက Post အောက်ကနေ “ဂုဏ်ပြုပေးကြတဲ့သူ အယောက်ဆီတိုင်း ကျေးဇူးများကြီးတင်ပါတယ်ရှင့် ။
ကျမကမှောင်နေတဲ့ အခန်းငယ် မဟုတ်တော့ပါဘူးရှင့် ” လို့ ထပ်မံရင်ဖွင့်လာပါတယ်။