
MT News
၁၅. ၂.၂၀၂၅
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏ စီစဉ်ချက်အရ မြန်မာအစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်အတွက် ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း TNLA က အသိပေးချက် ထုတ်ပြန်ထားသည်။
PSLF ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦး တက်ရောက်မည်ဖြစ်ပြီး မြန်မာအစိုးရကိုယ်စားလှယ်ဖက်မှ MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် ၁၆ ရက် ဖေဖော်ဝါရီလတွင် တွေ့ဆုံမှုများစတင်မည်ဖြစ်သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။