
MT News
Written by Thettant
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်စီးလာသူအား ရှာဖွေရာမှ ကျပ် ၁ ဒသမ ၇၁ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် ညနေ ၅ နာရီခွဲအချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ လမ်းသွယ်(၂၇)တွင် ဖြိုးပြည့်စုံ(ခ)ငယ်ငယ် မောင်းနှင်လာသော ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ဘိန်းဖြူပါ ဆပ်ပြာခွက် ၁၁ ခွက်တွေ့ရှိပြီး ၎င်းနေထိုင်သည့် မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာ နေအိမ်မှ ဘိန်းဖြူပါ ဆပ်ပြာခွက် ၆၃ ခွက်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၄ သိန်း ထပ်မံရှာဖွေတွေ့ရှိသဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၇၄၀ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၄ သိန်းတို့ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။