



၈.၂.၂၀၂၅
Written By Thandar
Valatine Day အမှတ်တရ အချစ်သီချင်း Mini Album စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဆရာစံလမ်းရှိ ကိုကံကောင်း Tea House မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က ကိုယ်တိုင်ရေးထားတဲ့ Own Tube သီချင်းတွေပါ။ မောင်နှမတွေ တိုင်ပင်ပြီးတော့ သီချင်းလေးတွေ ဖန်တီးဖြစ်ခဲ့ကြတာပါ။ Group Song ဆိုထားတာတွေပါသလို နှစ်ယောက်တွဲဆိုထားတဲ့ သီချင်းတွေလည်းပါပါတယ်။ Valatine Day အမှတ်တရအနေနဲ့ အချစ်သီချင်းတွေပါပါတယ်။ ပရိသတ်တွေက အားပေးနားဆင်ပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ တေးရေး တေးဆို ဒိုးကြီးက MT Entertainment ကိုပြောပါတယ်။
အဆိုပါ Album မှာ တေးရေး ဒိုးကြီးက ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ်သစ်တွေဖြစ်ပြီးတော့ ဒိုးကြီး၊ မေဖြူကြည်သင်းနဲ့ ပုဏ္ဏမီတို့က ပါဝင် သီဆိုထားကြတာဖြစ်ပါတယ်။
Valatine day ရဲ့ Mini Album မှာ သီချင်း ၃ ပုဒ်ပါဝင်တာဖြစ်ပြီး Two Lock Band တီးခတ်ထားကာ Melo Application ကနေ စတင် ဖြန့်ချိနေလျက်ရှိပါတယ်။