
၇.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့်က အမေရိကန်ရဲ့အနီးကပ်မဟာမိတ်ဖြစ်တဲ့ အစ္စရေးအပေါ် စုံစမ်းစစ်ဆေးမှုနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အပေါ် ပိတ်ဆို့အရေးယူမှုပြုဖို့ ဖေဖော်ဝါရီလ ၆ ရက်က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တစ်ရပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရော အစ္စရေးနိုင်ငံကရော ICC ရဲ့ အဖွဲ့ဝင်တွေမဟုတ်ကြသလို နှစ်နိုင်ငံစလုံး က ICC ကို အသိအမှတ်မပြုကြပါဘူး။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာမှာ အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမားစ်တို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဂါဇာကို အစ္စရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွက် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင် နေတန်ရာဟုကို ICC က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ အစ္စရေး စစ်တပ်ရဲ့ ဂါဇာကို တုံ့ပြန်တိုက်ခိုက်မှုတွေအတွင်းမှာ ကလေးငယ်တွေအပါအဝင် ပါလက်စတိုင်း လူမျိုး လေးသောင်းကျော် သေဆုံးခဲ့ရပါတယ်။
ထရန့်က လက်မှတ်ထိုးလိုက်တဲ့ အမိန့်မှာ ICC ဟာ ဥပဒေကြောင်းနဲ့မညီဘဲ အခြေအမြစ်မရှိတဲ့ ဆောင်ရွက်မှုတွေကို အမေရိကန်နဲ့ အနီးကပ်မဟာမိတ် အစ္စရေးကို ပစ်မှတ်ထားပြီး ပြုလုပ်ခဲ့တာလို့ ဖော်ပြခဲ့ပါ တယ်။ ဒါ့ပြင် နေတန်ရာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂယ်လန့် တို့ကို ဆန့်ကျင်ပြီး အခြေအမြစ်မရှိတဲ့ ဖမ်းဝရမ်းတွေထုတ်ခဲ့တယ်လို့လည်း ဆိုပြန်ပါတယ်။
ဒီအမိန့်က ICC အနေနဲ့အမေရိကန်ပြည်ထောင်စု နဲ့ အစ္စရေးတို့ကို တရားစီရင်ပိုင်ခွင့်လုံးဝမရှိဘူးလို့ ဆိုထားပါတယ်။ ဒါကို ICC က သူ့ရဲ့အစဉ်အလာအတိုင်း ဒီနိုင်ငံနှစ်ခုကိုဆန့်ကျင်ပြုလုပ်ခဲ့တာလို့ အမိန့်က ဆိုပါတယ်။
ထရန့် ဒီအမိန့်ကို လက်မှတ်ထိုးမှုက အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ဝါရှင်တန်မြို့သို့ လာရောက်လည်ပတ်စဉ်အတွင်း ပြုလုပ်ခဲ့တာပါ။ နေတန်ရာဟုက ထရန့်နဲ့ ဖေဖော်ဝါရီလ ၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး လွှတ်တော်အမတ်တွေနဲ့လည်း Capitol Hill ကွန်ဂရက်အဆောက်အအုံမှာ ဖေဖော်ဝါရီလ ၆ ရက်မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
ထိုအမိန့်က သမ္မတ ထရန့် အနေနဲ့ ICC ရဲ့ အစဉ်အလာဆောင်ရွက်မှုတွေအတွက် တာဝန်ရှိသူတွေအပေါ် လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး ထင်င်ရှားသိသာတဲ့နောက်ဆက်တွဲ အကျိုးဆက်တွေကို ပြဌာန်းလိမ့်မယ်လို့ ဆိုပါတယ်။
Ref- AP
