၇.၂. ၂၀၂၅
Translated by Thettant
ချင်းမိုင်ခရိုင်တရားရုံးဟာ ထိုင်ဝမ်ခရီးသွားအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်းနိုင်ငံရဲ့ အမျိုးသားလွှတ်တော်အမတ်တစ်ဦးကို ဒီသောကြာနေ့မှာ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ထိုင်းသတင်းဌာနတွေက ကနဦးဖြစ်စဥ်အပေါ် ရေးသားဖော်ပြလာပါတယ်။
Thai Prodressive ပါတီက လွှတ်တော်အမတ် Chaiyampan Manpianjit ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က ချင်းမိုင်ခရိုင်ရှိ ဟိုတယ်တစ်ခုမှာ တရုတ်ထိုင်ဝမ်ခရီးသွားအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးဖို့ အခု ဖေဖော်ဝါရီ ၇ ရက်က ခွင့်ပြုချက် တောင်းခံခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
Chaiyampan ရဲ့ မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်မှုနဲ့ ဖမ်းဆီးဖို့အတွက် လွှတ်တော်က လွတ်ငြိမ်းချမ်းသာခွင့်ကို ရုတ်သိမ်းမလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အခု လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
Puaut လို့ လူသိများတဲ့ Chaiyampan Manpianjit က အရင်က Move Forward Party က အမတ်တစ်ဦးဖြစ်ပြီး သူဟာ ၂၀၂၃ ခုနှစ်အတွင်းကလည်း အမျိုးသမီးသုံးဦးကို လိင်ပိုင်းဆိုင်ရာထိပါးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် MFP က နုတ်ထွတ်ဖို့နဲ့ အမတ်နေရာက ထုတ်ပယ်ခံရဖို့ ကြိုးပမ်းခံရသူလည်းဖြစ်ခဲ့ပါတယ်။
Ref, Khaosod
