၆.၂. ၂၀၂၅
Written by Nay Moe
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာတွင် ကလေးငယ် (၄)ဦးသည် TNLA နှင့် PDF တို့ ထောင်ထားသည့် လက်လုပ်မိုင်းကို နင်းမိရာမှ ကလေးငယ် (၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် ထိုကလေးငယ်များသည် ရေချောင်းအတွင်း ငါးသွားဖမ်းနေစဥ် လက်လုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။
TNLA နှင့် PDF တို့ထောင်ထားသည့် လက်လုပ်မိုင်းနင်းမိ၍ သေဆုံးသွားသည့် ကလေးငယ် (၂)ဦးသည် အသက်(၄)နှစ်အရွယ် လွေးအေးနွေနှင့် အသက် (၅)နှစ်အရွယ် မိုင်းအနိုင်တို့ဖြစ်ကြပြီး အသက် (၉)နှစ်အရွယ် မိုင်းထွန်းအောင်နှင့် အသက် (၈)နှစ်အရွယ် မိုင်းအညို့လာတို့မှ ထိခိုက်ဒဏ်ရာရရှိခဲ့၍ ကွတ်ခိုင်ဆေးရုံသို့ တင်ပို့ပေးခဲ့သည်ဟု သိရသည်။
