
၅. ၂. ၂၀၂၅
Written by Nay Moe
မနေ့က ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းအချိန်မှာ စျေးဝယ်လာတဲ့ စျေးဝယ်လာတဲ့ ဒုရဲအုပ် အမျိုးသမီးတစ်ယောက်ကို ပစ်သတ်လိုက်တယ်လို့ NUG လက်အောက်ခံ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်းပကဖ) က ဝန်ခံချက် ထုတ်ပြန်ထားပါတယ်။

ကျူးလွန်မှုဖြစ်စဥ်က မနေ့က မနက်ပိုင်း ၈ နာရီ ၁၃ မိနစ်အချိန်မှာ မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ် တညောင်ရဲစခန်းက ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ ဆိုသူဟာ တညောင်စျေးထဲ ရောက်လာချိန် စလင်းပကဖပတ်ကင်းက တွေ့လို့ ပစ်သတ်တာကြောင့် နေရာတင် ပွဲချင်းပြီး သေဆုံးသွားတာပါ။
ဒီကျူးလွန်မှုကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် (၃) PDF တွေ ကျူးလွန်တာဖြစ်ပြီး စလင်းပကဖဟာ တညောင်စခန်းရ ဒုရဲအုပ် လဲ့လဲ့စိုး အပါအဝင် အားလုံးကို သုံးကြိမ်တိတိ ဘက်ကူးဖို့ ဆက်သွယ်ပေမဲ့ မဝင်တဲ့အပြင် ခြိမ်းခြောက်ငွေတောင်းရမ်းမှုနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ သတင်းအတိအကျရရှိခဲ့လို့ ပစ်သတ်လိုက်တာလို့ အကြောင်းပြချက်ပေးပေမဲ့ ဒီစွပ်စွဲချက်တွေ မှန် မမှန် MT News က မြေပြင်အတည်မပြုနိုင်ဘဲ NUG လက်အောက်ခံ စလင်း PDF တွေ ကျူးလွန်မှုကိုသာ သူတို့ဝန်ခံချက်အရ ဖော်ပြပေးခြင်းဖြစ်ပါတယ်။