၁၁. ၁. ၂၀၂၃
Written by Pan Ei

အင်္ဂါနေ့ (ဇန်နဝါရီ ၁၀ ရက်) ည ၇ နာရီခန့်တွင် ထိုင်ဝမ်မှ စင်ကာပူသို့ ပျံသန်းထွက်ခွာမည့် Scoot လေယာဉ်အမှတ် TR 993 ပေါ်တွင် ပါဝါဘဏ့်(Power Bank) တစ်ခု အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပါဝါဘဏ့်မီးလောင်ခြင်းသည် တိုင်ပေရှိ တာယွမ် လေဆိပ်၌ ပျံတက်ရန်ပြင်ဆင်နေသည့် လေယာဉ်အတွင်းခန်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်သမားများက လေယာဉ်ကို မီးငြှိမ်းသတ်ပြီးနောက် လေဆိပ်အာဏာပိုင်များသည် လေယာဉ်အား လေဆိပ်ဂိတ်ဝသို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ပါဝါဘဏ်ပိုင်ရှင်နှင့် သူ၏အဖော်တို့သည် “လက်ချောင်းများတွင် အသေးစားမီးလောင်ဒဏ်ရာများ” ရရှိခဲ့ပြီး ၎င်းတို့အား ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ကြောင်း Scoot က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါဖြစ်ရပ်ကြောင့် တာယွမ် လေဆိပ်တွင် လေယာဉ်အတက်အဆင်းလုပ်ငန်းစဉ်များကို ထိခိုက်ခြင်းမရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ပြီး မီးလောင်မှုဖြစ်စဉ်အတွင်း စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သော လေယာဉ်ဝန်ထမ်းများကိုလည်း ခရီးသည်များက အသိမှတ်ပြု ချီးကျူးခဲ့ကြကြောင်း သိရသည်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *