၁၁. ၁. ၂၀၂၃
Written By Thandar

မိန်းကလေးပရိသတ်အား‌ပေးမူ အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင် ကျော်ထက်ဇော်ကတော့ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှာ မိန်းမသားတစ်ယောက်ကို တန်ဖိုးရှိရှိချစ်တဲ့ ကယ်တင်ရှင်တစ်ယောက်အနေနဲ့တွေ့ရမှာလို့ ဆိုပါတယ်။

“ကျွန်တော်ကတော့ အဓိကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာပါ။ ကာရိုက်တာ တော်တော်များများ မစုံသေးပါဘူး။ မိန်းမသားတစ်ယောက်ကို တန်ဖိုးရှိရှိ ချစ်ပြီးတော့ ကယ်တင်ရတဲ့ ပုံစံမျိုးလေးပါ။ ဒီကာရိုက်တာကိုလည်း တော်တော်လေးကို ကြိုက်ပါတယ်။ ပထမကား ဒေါင်းယာဥ်ပျံဇာတ်ကား ကာရိုက်တာက မိန်းကလေးကို လှည့်စားထားတယ်။ အပြင်လူ တစ်ယောက်အနေနဲ့တော့ မကြိုက်ဘူး ဇာတ်ကို။ သရုပ်ဆောင်ရတာတော့ ကြိုက်ပါတယ်။ ဒီကားကိုတော့ ဇာတ်ကိုရော အပြင်က ကျွန်တော်အနေနဲ့ရော ကြိုက်တာပါ။ အမျိုးသမီးတိုင်းက တန်ဖိုးရှိတဲ့ အမျိုးသမီးလို့ ခံယူပါတယ်”လို့ သရုပ်ဆောင် ကျော်ထက်ဇော်က ပြောပါတယ်။

သူကတော့ လက်ရှိ MRTV – 4 ရုပ်သံက ထုတ်လွှင့်နေတဲ့ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖြစ်တဲ့ ရှင်မွေလ၊ ပိုးကြာဖြူခင်၊ ခိုင်နှင်း‌ဝေ တို့နဲ့အတူ လူပျိုကြီး ကိုမြတ်ထွန်းနေရာက ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ကျော်ထက်ဇော်နဲ့ ပိုးကြာဖြူခင်တို့ရဲ့ ၃ ကားမြောက် တွဲဖက်ရိုက်ကူးကြတဲ့ ကားလေးလည်း ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *