MT News

Written by Min Mahar

ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာနှင့် ပျဉ်းလှတောကျေးရွာကြား၌ ယာခင်းထဲသို့သွားသော သားမိနှစ်ဦးအား သေနတ်သမားများက ပစ်ခတ်ခဲ့၍ ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာတွင်နေထိုင်သော အသက် ၄၀ အရွယ်ရှိအမျိုးသား ၁ ဦးနှင့် ၎င်း၏မိခင်ဖြစ်သူ အသက် ၇၀ ကျော်ဝန်းကျင်ခန့်ရှိ အမျိုးသမီးကြီးတို့ နေအိမ်မှ ယာခင်းသို့ လှည်းဖြင့်သွား ရောက်စဉ် ထန်းတပင်ကျေးရွာနှင့် ပျဉ်းလှတောကျေးရွာကြား ကျေးရွာချင်းဆက်လမ်းပေါ်အရောက် အမည်မသိ အမျိုးသား(၂)ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် စောင့်ဆိုင်းနေပြီး လှည်းအားရပ်တန့်ခိုင်းကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ

သားဖြစ်သူမှာ သေနတ်ဒဏ်ရာကြောင့် နေရာတွင်သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူမှာ သေနတ်ဒဏ်ရာရရှိခဲ့သဖြင့် ငါန်းဇွန်မြို့နယ်၊ မြို့သာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ယာဘက်ဦးခေါင်းနောက်စေ့ကိုဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက်၊ ယာဘက်နံဘေးကိုဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါးကို ဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နံဘေးကိုဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်တင်ပါးကို ဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်ရာနေရာတွင်ပွဲချင်းပြီးသေဆုံးသွားကာ မိခင်ဖြစ်သူမှာမူ ယာဘက်ဒူးဆစ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *