ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ရန် စီစဥ်မှုမြင်ကွင်း

MT News

Written by Ye Kyaw

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G သဘောတူညီမှုအရ ဆန်တန်ချိန် ၁၆၅,၀၀၀ ကျော်တင်ပို့ထားပြီး နှစ်နိုင်ငံသဘောတူညီမှုအရ တင်ပို့ရမည့်ဆန်တန်ချိန် သုံးသောင်းကျော်သာ ကျန်ရှိတော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ဘင်္ဂလား‌ဒေ့ရှ် ဆန်ကုန်သွယ်မှုဆိုင်ရာ စာချုပ်အရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအတွင်း ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရာတွင် တရုတ်ယွမ်ဖြင့် တင်ပို့ခွင့်ပြုထားပြီး FOB ဈေးနှုန်း တစ်တန်လျှင် တရုတ်ယွမ် ၂၇၈၈ ဒသမ ၅၆ ယွမ်ဖြင့် တန်ချိန်နှစ်သိန်း တင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါသဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဧည့်မထ ၅ % တန်းမြင့်ဆန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်သည်။ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့မည့် ကုမ္ပဏီ ၄၀ ကျော်ကို ပို့ကုန်လိုင်စင်များ ထုတ်ပေးထားပြီး တန်ချိန် ၁၉၁,၇၀၀ တန်၊ တန်ဖိုး တရုတ်ယွမ် သန်း ၅၄၀ ကျော်အား ခွင့်ပြုထုတ်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်သို့ အစိုးရချင်းသဘောတူညီမှုဖြင့် ဆန်တင်ပို့ခြင်း ယခု ၂၀၂၂ ခုနှစ်တွင် တတိယအကြိမ်မြောက် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်ကို ၂၀၁၇ ခုနှစ်တွင် စာချုပ်ချုပ်ဆို၍ ဒုတိယအကြိမ်ကို ၂၀၂၁ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *