MT News

Written by Thettant

မန္တလေးမှ City Hunter (MDY-UG)က Space Bar အား ဗုံးပစ်ခတ်တိုက်ခိုက်၍ ကားတစ်စီး မီးလောင်ပျက်စီးမှု ယမန်နေ့ညတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ Space Bar တွင် ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီကျော်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်တစ်စီး ထိခိုက်ကာ မီးလောင်ပျက်စီးခဲ့ရသည်။

အဆိုပါဖြစ်စဥ်တွင် Space Bar ကို ဗုံးခွဲတိုက်ခိုက်သည်မှာ City Hunter (Mdy UG) အဖွဲ့ဖြစ်ပြီး “Space Bar အတွင်း အချောင်နေအချောင်စားရင်း ဇိမ်ခံနေသော မြို့ပြမှ မိတ်ဆွေများအတွက် City Hunter (Mdy UG) မှ သတိပေးလက်ဆောင်ပို့လိုက်ပါသည်။ လက်ဆောင်ထုပ်များ ကျန်ရှိနေသေးသည့်အတွက် စိတ်အေးချမ်းသာစွာ ဇိမ်ခံနေကြပါရန် အသိပေးအပ်ပါသည်” ဟုလည်း ခြိမ်းခြောက်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *