၈. ၁. ၂၀၂၃
Written by Thettant

နောက်မယားယူပြီး အကြွေးများနှင့် ထားခဲ့သည့်လင်ဖြစ်သူကြောင့် သမီးငယ်နှင့် ဇနီးသည် ဆွဲကြိုးချပြီးနှစ်လောင်းပြိုင်သေဆုံးမှု ဇန်နဝါရီ ၇ ရက် ညဦးပိုင်း တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်၊ ကော့သောင်းလမ်းတွင် ဇန်နဝါရီ ၇ ရက် ည ၇ နာရီခန့်က အသက် ၂၇ နှစ်ခန့် အမျိုးသမီးတစ်ဦးနှင့် မူလတန်းကျောင်းသူ ၆ နှစ်သမီးငယ်တို့ သားအမိနှစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားကာ ကြွင်းကျန်သောရုပ်အလောင်းများကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းနှင့် အခြားသောလူမှုကူညီရေးအသင်းယာဥ်များဖြင့် စံပြဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“သေသွားတဲ့ကောင်မလေးက ၂၇ လောက်ပဲရှိဦးမယ်။ ယောကျ်ားက နောက်မယားယူပြီး ကလေးတစ်ယောက်နဲ့ အကြွေးတွေနဲ့ ပစ်ထားခဲ့တာ။ ထောက်ပံ့တာလည်း မရှိဘူးလေ။ ကောင်မလေးကလည်း ရန်ကုန်မှာ ဆွေမရှိ၊ မျိုးမရှိနဲ့ ခြောက်နှစ်သမီးလေးနဲ့ ကျန်နေခဲ့တာ။ အခု သူ့ယောကျ်ားက နောက်မိန်းမနဲ့ ကိုယ်ဝန်ရတယ်လို့ သူသိသွားပြီးတော့ သမီးလေးကိုဆွဲကြိုးချ၊ သူပါ ဆွဲကြိုးချသေသွားတာ။ နှစ်လောင်းပြိုင်ပါပဲ။ တွေ့တဲ့အချိန်မှာ​တော့ အလောင်းတွေက ကြမ်းပေါ်မှာထိနေတာဆိုတော့ ကိုယ်ကိုယ်ကိုယ်သတ်သေတာလား။ သူများလုပ်တာလား။ သို့လောသို့လော ရပ်ကွက်ထဲပြောနေကြတာပေါ့” ဟု အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *