MT News

Written by Nay Aung

ကမ္ဘာဂင်းနစ်စံချိန် မှတ်တမ်းပြုစုရေးအဖွဲ့(GWR)က ကမ္ဘာပေါ်က ငှက်မျိုးစိတ်တွေထဲ Limosa Lapponica မျိုးစိတ်ငှက်ဟာ မိုင်ပေါင်း ၈၄၃၅ မိုင်ကို အစာမစား၊ ရေမသောက်ဘဲ တစ်ရှိန်ထိုး မရပ်မနားနဲ့ အချိန်အကြာဆုံး ပျံသန်းနိုင်တဲ့ငှက်အဖြစ် ဂင်းနစ်မှတ်တမ်း စံချိန်တင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ငှက်ဟာ အမေရိကန်နိုင်ငံ အလက်စကာမြို့ကနေ သြစတြေးလျနိုင်ငံ တက်မာနီယာမြို့ကို အစားမစား၊ရေမသောက်ဘဲ တစ်ရှိန်ထိုး ဆက်တိုက်ပျံသန်းနိုင်ခဲ့ပါတယ်။ Limosa ငှက်ဟာ အကွာအဝေး မိုင်ပေါင်း ၈၄၃၅ မိုင်ကို တစ်ရှိန်ထိုးဆက်တိုက်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ပျံသန်းချိန်အတွင်း လမ်းမှာအနားယူခြင်း၊ အစာစားခြင်းမရှိဘဲ တစ်ကြိမ်တည်းနဲ့ ပျံသန်းနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါငှက်ပျံသန်းချိန်မှာ ငှက်ကို အချိန်တိုင်းတာစက်နဲ့ ပုံရိပ်ဖမ်းယူစက်တွေတပ်ဆင်ပြီး စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး အဆိုပါငှက်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့မှာ အလက်စကာမြို့ကနေ စတင်ပျံသန်းခဲ့ပြီး ၁၁ ရက်ကြာ ဆက်တိုက်ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

GWR အဖွဲ့က Limosa lapponica မျိုးစိတ်ငှက်တစ်ကောင်ဟာ ၂၀၂၀ ပြည့်နှစ်တုန်းက အခြားငှက်မျိုးစိတ်တင်ခဲ့ဖူးတဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး အခြားငှက်မျိုးစိတ်ထက် မိုင်ပေါင်း ၂၁၇ မိုင် ပိုမိုပျံသန်းနိုင်ခဲ့ပါတယ်။ အဆိုပါငှက်ဟာ တစ်ရက်နဲ့တစ်ညပျံသန်းချိန်မှာ ခန္ဓာကိုယ်အလေးချိန် ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့လည်း ငှက်မျိုးစိတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့က အီရစ် ဝိုလာက ပြောပါတယ်။

“အဲဒီငှက်မျိုးစိတ်တွေဟာ ရေထဲမှာ ဆင်းသက်လို့မရဘူး။ ရေပေါ်မှာ ရပ်နားခဲ့မယ်ဆိုရင် အသက်သေဆုံးမှာဖြစ်တယ်။ ဘာလို့လဲဆိုရင် Limosa lapponica ငှက်ဟာ သူရဲ့အတောင်ကို ရေစိုလို့မရဘူး။ သူ့ရဲ့အတောင်ကိုရေစိုခဲ့မယ်ဆိုရင် ပျံသန်းလို့မရနိုင်ဘူး။ မောပန်းလွန်းလို့ သမုဒ္ဒရာထဲ ရပ်နားခဲ့မယ် ဒါမှမဟုတ် ရာသီဥတု ဆိုးရွားလွန်းလို့ သမုဒ္ဒရာထဲ ရပ်နားခဲ့မယ်ဆိုရင် သေဆုံးမှာဖြစ်တယ်။” လို့ ဝိုလာက ပြောပါတယ်။

ref , Upi

Leave a Reply

Your email address will not be published. Required fields are marked *

Related News