၅. ၁. ၂၀၂၃
Written by Nay Aung

အ‌မေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်က အမျိုးသားတစ်ဦးဟာ အခြားယောကျ်ားလေးတွေနဲ့မတူဘဲ ဘွဲ့ယူတဲ့နေ့မှာ သူချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခံခဲ့ရာ လူအများ အံအားသင့်လျက်ရှိနေကြောင်းသိရပါတယ်။

ဒေးဗစ် ရူးမိတ်ကာအမည်ရှိအမျိုးသားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက Central Michigan University မှာ စွန့်ဦးတီထွင်မှု မဟာဘွဲကို ရယူခဲ့ပေမယ့် အဲဒီနေ့မှာပဲ သူ့ဘဝအတွက် ကြီးမားတဲ့အောင်ပွဲခံမှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကတော့ အခြားမဟုတ်ပါဘူး။ ရူးမိတ်ကာ ဟာ သူရဲ့ချစ်သူဖြစ်တဲ့ ရာရမ်ဆွမ်ဆိုတဲ့ ကောင်မလေးကို ဘွဲ့နှင်းသဘင်အခမ်းနားမှာ လက်ထပ်ခွင့်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါ ရူးမိတ်ကာ နဲ့ ရာရမ်ဆွမ်တို့ ချစ်သူသက်တမ်းဟာ သုံးနှစ်သက်တမ်းကြာမြင့်နေပြီဖြစ်ပြီး ရူးမိတ်ကာက သူရဲ့ချစ်သူကို ဘွဲ့နှင်းသဘင်အခမ်းနားမှာ လက်ထပ်ခွင့်တောင်းခံခဲ့တာလည်းဖြစ်ပါတယ်။ ရာရမ်ဆွမ် ဆိုတဲ့ကောင်မလေးဟာ သူရဲ့ချစ်သူက လက်ထပ်ခွင့်တောင်းခံခဲ့တဲ့အပေါ် လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဘွဲ့နှင်းသဘင်အတွင်း ဒေးဗစ် ရူးမိတ်ကာ စင်ပေါ်မှာ ရပ်နေချိန်အတွင်း သူ့ရဲ့မိသားစုနဲ့ သူ့ကောင်မလေး ရာရမ်ဆွမ်တို့ ဂုဏ်ပြုဖို့ စင်ပေါ်လာတဲ့အချိန်မှာ ဒေးဗစ်ရှိးမိတ်ကာက ရာရမ်ဆွမ်ရဲ့လက်ကို ဆွဲလိုက်ပြီးဒူးထောက်ကာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ရာရမ်ဆွမ်က သူမအနေနဲ့ ဘွဲနှင်းသဘင်အခမ်းနားမှာ ရှိးမိတ်ကာရဲ့လက်ထပ်ခွင့် တောင်းခံခံရမယ်လိုမထင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒေးဗစ်ရူးမိတ်ကာ နဲ့ ဆွမ်တို့ဟာ Central Michigan University မှာပြီးခဲ့တဲ့ ၃ နှစ်ကစပြီး တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပြီး တက္ကသိုလ်တက်နေတဲ့ ကာလတစ်လျှောက်လုံး ဒေးဗစ်ရူးမိတ်ကာနဲ့ ဆွမ်တို့ နှစ်ဦး ချစ်သူအဖြစ် လက်တွဲနေခဲ့တာဖြစ်ကာ ဘွဲ့အသီးသီးရရှိခဲ့ကြောင်းသိရပါတယ်။

ဒေးဗစ်ကစွန့်ဦးတီထွင်မှုဘာသာရပ်နဲ့ ဘွဲ့ကို ရရှိခဲ့ပြီး ဆွမ်က စိတ်ပညာနဲ့လူမူဗေဒပညာရပ်နဲ ရရှိခဲ့တာပါ။ အခု ဒေးဗစ်က ထပ်ပြီး မဟာဘွဲ့ရရှိခဲ့တာပါ။ ဘွဲ့နှင်းသဘင်မှာ ဆွမ်ကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ခဲ့တာကြာပြီဖြစ်ကြောင်း၊ စက်တင်ဘာလကတည်းက ချစ်သူကို ဘွဲနှင်းသဘင်အခမ်းနားမှာ လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဒေးဗစ်ရူးမိတ်ကာက ဆိုပါတယ်။

“ရူးမိတ်ကာ ကျွန်မကို ဘွဲ့နှင်းသဘင်အခမ်းနားအတွင်း လက်ထပ်ခွင့်တောင်းချိန်မှာ အံအားသင့်တုန်လှုပ်မိခဲ့တယ်။ အလွန်ပျော်ရွှင်ရတယ်။ အခုလိုမျိုး လက်ထပ်ခွင့် တောင်းခံမယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး၊ ရူးကြောင်ကြောင်နိုင်သလိုမျိုးဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်မ ဘဝတစ်လျှောက်လုံးမှာ အပျော်ရွှင်ရဆုံးအချိန်ကာလတစ်ခုပါ” လို့ ဆွမ်က ပြောပါတယ်။

လက်ရှိအချိန်မှာ ဒေးဗစ်ရူးမိတ်ကာနဲ့ ဆွမ်တို့ဟာ မင်္ဂလာပွဲအတွက် စီစဉ်နေပြီး ၂၀၂၄ ခုနှစ် နွေရာသီမှာ လက်ထပ်ဖို့ မျှော်လင့်ထားကြောင်းဆိုပါတယ်။

ရာရမ်ဆွမ်က ” ကျွန်မတို့ဟာ သူငယ်ချင်းကောင်းတွေဖြစ်ခဲ့တယ်။ ဒါကို ဘာမှမစဉ်းစားဘဲ ရှိနေချိန်မှာ နောက်ထပ်အဆင့်တစ်ခုက လိုက်လာတယ်။ ကျွန်မကို ချစ်သူအဖြစ် လက်တွဲဖို့ တောင်းဆိုလာမှာကို ကြိုသိနေခဲ့တယ်” လို့ပြောပါတယ်။

ဒါ့အပြင် ဒေးဗစ်ရူးမိတ်ကာကလည်း “ရာရမ်ဆွမ်ဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အချစ်ဦးဖြစ်သလို အချစ်ဆုံးလည်းဖြစ်တယ်” လို့ ပြောပါတယ်။

ဒေးဗစ်ရူးမိတ်ကာ နဲ့ ဆွမ်တို့ နှစ်ဦးဟာ လက်ရှိအချိန်မှာ Northville မှာ အတူနေထိုင်နေပြီး အနာဂတ်မှာ လက်ရှိအချိန်ထက် ပိုမို စိတ်လှုပ်ရှားစရာတွေရှိလာမယ် မထင်ကြောင်း ဆိုပါတယ်။

ref yahoo

Leave a Reply

Your email address will not be published. Required fields are marked *