November 4, 2024

၃၁.၁၀.၂၀၂၄
Written By Thandar

Hip Hop, Rap တေးသီချင်းတွေနဲ့ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ အဆိုတော် မိစန္ဒီနဲ့ခင်ပွန်း KMC တို့ရဲ့ မင်္ဂလာနှစ်ပတ်လည် ၃ နှစ်ပြည့် အမှတ်တရလေးအနေနဲ့ စတုဒိသာ မုန့်ဟင်းခါးလူအယောက် ၁၀၀၀ စာအလှူကို ယနေ့ အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက် ဧဒင်လမ်း အိမ်နံပါတ် ၂၃၇ မှာ ပြုလုပ်ခဲ့ပါတယ်။

“ဒီနေ့ မိစန္ဒီတို့နှစ်ယောက်ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးတဲ့ရက်ပေါ့။ မင်္ဂလာနှစ်ပတ်လည် ၃ နှစ်ပြည့်ဆိုတော့ ထူးထူးခြားခြားလေးလည်းဖြစ်အောင် အမှတ်တရလေးတစ်ခုအနေနဲ့ အလှူလေးလုပ်ဖြစ်တာပါ။ အရင်နှစ်တွေကတော့ ဘုန်းကြီးကျောင်းမှာပဲ လှူဖြစ်တယ်။ မိစန္ဒီအရင်တော့ စတုဒိသာအလှူတွေတော့ ကျွေးဖြစ်ပါတယ်။ အရမ်းတော့လူသိပ်မများဘူးပေါ့။ ခုလည်း လူအယောက် ၅၀၀ စာကျွေးမယ်ပေါ့။ မုန့်ဟင်းခါးထုတ်တဲ့ မိသားစုကလည်း ထပ်ပြီး ၅၀၀ လှူတော့ လူအယောက် ၁၀၀၀ စာ လှူဖြစ်သွားတာပါ။ ကိုယ့်သူငယ်ချင်းတွေကို စားတာပဲဖြစ်ဖြစ် ကိုယ့်ကိုကျွေးတာပဲဖြစ်ဖြစ် ပီတိဖြစ်တတ်တဲ့သူမျိုးဆိုတော့လေ။ အမှတ်တရလာပြီးတော့ စားကြလို့လည်း ပျော်ရပါတယ်။ နှစ်စဉ်လည်း အလှူတွေလုပ်ဖို့ရှိပါတယ်”လို့ အဆိုတော် မိစန္ဒီက ပြောပါတယ်။

အဆိုပါ အလှူအခမ်းအနားကိုတော့ အဆိုတော် ဟိဏ်းသစ်၊ အဆိုတော် အောင်ထက်နဲ့ ဖိတ်ကြားထားသူတွေလည်း လာရောက်ခဲ့ကြပါတယ်။ သူမကတော့ နှစ်တွေတချို့ နောက်ကျနေတဲ့ တေးသီချင်းတွေကို ပြန်လည်လုပ်ဆောင်ဖို့ ကြိုးစားနေ တာဖြစ်တဲ့အတွက် အိပ်မက်တွေအကောင်အထည်တွေ ဖော်ဆောင်နေတာမို့လို့ ဆိုပါတယ်။ မိစန္ဒီကတော့ အသည်းကွဲသီချင်း၊ ပျော်စရာကောင်းတဲ့ တေးသီချင်းသစ်တွေလည်း လာမယ့် ဒီဇင်ဘာ၊ ဇန်နဝါရီလလောက်မှာ ထွက်ရှိလာလို့ရှိပါတယ်။

“ကိုယ်တကယ်တော့ ဆယ်ကျော်သက် အရွယ်တစ်ယောက်ရဲ့ စိတ်နဲ့ ရည်းစားသက်တမ်း ၁၀ လမှာတင် သူ့ကို ယူချလိုက်တာပါ။ သူ့ကိုယုံကြည်စိတ်ကလည်း အရမ်းများသွားတာပေါ့။ ကိုယ်တိုင်က ကလေးဆန်ဆန်နေတတ်တာ များတယ်။ ကိုယ်တိုင်လည်း ယောက်ျားဆန်တဲ့သူတွေဆိုတော့လေ။ရင်သွေးလေး ယူဖို့အထိတော့ လောလောဆယ်မရှိသေးပါဘူး။ မိစန္ဒီ သီချင်းသစ်တွေထွက်ဖို့ အကောင်းဆုံးကြိုးစားချိန်မို့ ဆက်လုပ်နေပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

#မိစန္ဒီ #MiSandi #MyanmarSinger

#KMC #MyanmarCele #မွင်းငါး

Leave a Reply

Your email address will not be published. Required fields are marked *