MT News

Written by Min Mahar

မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်တို့၏ စုပေါင်းတရားရုံးအတွင်း ဗုံး ၁ လုံးပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ ၆၅ လမ်းပေါ်ရှိ စုပေါင်းတရားရုံးအတွင်း ဗုံး ၁ လုံးပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုရုံးအတွင်းမှ ဝန်ထမ်းတစ်ဦး၏ပြောပြချက်အရ ” ၆၅ လမ်းအတိုင်း တောင်ဘက်ကနေ မြောက်ဘက်ကို ဆိုင်ကယ်တစ်စီးနဲ့ လူငယ် ၂ ယောက်မောင်းလာပြီးတော့ အနောက်ကနေထိုင်လိုက်လာသူက ရုံးထဲကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာပါ။ ရုံးတံခါးလေးနဲ့ ရုံးဝန်ထမ်းရဲ့ ကားတစ်စီးတော့အနည်းငယ်ပျက်စီးသွားတယ်” ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် ခရိုင်တရားရုံးခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရုံးခန်းတွင် တပ်ဆင်ထားသည့် တံခါး ပေါက်မှန်(၁)ချပ်ကွဲသွားသည့်အပြင် ၎င်းနေရာအနီးရပ်ထားသည့် Honda Fit အဖြူရောင်မော်တော်ယာဉ်၏ နောက်ဝဲဘက်မှန်ကွဲသွားခြင်း၊ နောက်ဝဲဘက်မီးခွက်ကွဲသွားခြင်း၊ ဝဲဘက်ရှေ့တာယာ(၁)လုံးနှင့် နောက်တာယာ(၂)လုံးပေါက်ကွဲသွားပြီး ကာလတန်ဖိုး ၂ သိန်းခွဲခန့် ပျက်စီးဆုံးရှုံးသွားကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News