၁-၁-၂၀၂၃

Written By Thandar

သရုပ်ဆောင် ခန့်စည်သူက‌တော့ ၂၀၂၃ ခုနှစ် နှစ်ဦးကုသိုလ်အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မေတ္တာတော်စံအိမ်ရှိ မိဘမဲ့ဂေဟာကို အလှူငွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“စေတနာရှင်‌တွေအနေနဲ့ မေတ္တာတော်စံအိမ် မိဘမဲ့ကလေးတွေအတွက် နည်းများမဆို ကျွေးမွေး၊ စောင့်ရှောက်၊ လှူဒါန်းလိုပါက ၀၉-၇၆၁၃၅ ၇၃၁၁ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ”လို့ အကယ်ဒမီခန့်စည်သူက ပြောပါတယ်။

ဇန်နဝါရီ ၁ ရက် နံနက်အစောပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မေတ္တာတော်စံအိမ်ရှိ မိဘမဲ့ (ရှမ်း၊ ကချင်၊ ပလောင်၊ လားဟူ၊ ဗမာ၊ ဂျိန်းဖော)ကလေးတွေ ပြုစုစောင့်ရှောက်ရေး ဂေဟာကို နှစ်ဦးအလှူအဖြစ် အလှူငွေကျပ် ၄၁၀,၀၀၀ ကို ခန့်စည်သူက လှူဒါန်းခဲ့ပါတယ်။ ခန့်စည်သူက‌တော့ ကိုဗစ်ကာလမတိုင်ခင်ကတည်းက အမှန်တကယ်လိုအပ်တဲ့ နေရာတွေကို အလှူအတန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

“ကလေးတွေလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။ အနာဂတ်ရဲ့ သားကောင်းရတနာလေးတွေဖြစ်ကြပါစေ။ လှူဒါန်းမှု အစုစုတို့အတွက် သာဓု ခေါ်ဆိုနိုင်ကြပါစေ” လို့ဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News