အကြမ်းဖက်သမားများထောင်ထားသော လက်လုပ်မိုင်းတစ်ခု( မှတ်ချက်။ ပုံဟောင်းဖြစ်သည်)

MT News

Written By Myo Khine

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀-တောင်ရပ်ကွက်၊ သာကေက အဝိုင်းပတ်ပန်းခြံအတွင်း မပေါက်ကွဲသေးသော လက်လုပ်ဗုံးတွေ့ရှိခဲ့သောကြောင့် အင်ဂျင်နီယာတပ်က သက်မဲ့ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီ ၁ ရက် မွန်းလွဲ တစ်နာရီခွဲခန့်က အဆိုပါ လက်လုပ်ဗုံးကိုတွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ၉၀၅ အင်ဂျင်နီယာတပ်က လုံခြုံရေးဆောင်ရွက်ကာ သက်မဲ့ပြုလုပ်ခဲ့ရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူက ပြောသည်။

“တွေ့တာက အဝိုင်းပတ် ပန်းခြံထဲမှာ။ အတွင်းရှုခင်းသာပတ်လမ်းနဲ့ သံလျင်တံတား ချဉ်းကပ်လမ်းဘက်ခြမ်းမှာတွေ့တာ။ ပန်းပင်တွေထဲမှာ အနက်ရောင်ကြွတ်ကြွတ်အိတ်တစ်လုံးနဲ့အထုပ်တစ်ထုပ်ကိုတွေ့လို့ သတင်းပေးတာကြောင့် မသင်္ကာဖွယ်ဖြစ်တဲ့တွက် လုံခြုံရေးတပ်ဖွဲ့ကရှင်းလင်းတာပေါ့။ ၉၀၅ အင်ဂျင်နီယာတပ်က လာရောက်ပြီးတော့ ရှင်းလင်းခဲ့ပါတယ်။ လက်လုပ်မိုင်းက သင်္ဘောဆေးဘူးနဲ့ လုပ်ထားတာ။ သက်မဲ့လုပ်တာဆိုတော့ ယမ်းကပ်ဖောက် ခွဲလိုက်တာပေ့ါ။ အများသူငါ သွားလာနေတဲ့ ပန်းခြံထဲမှာဆိုရင် တော်တော် အန္တရာယ် ရှိပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက MT News သို့ ပြောသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *