MT News

Written by Ye Kyaw

မြန်မာ-ဂျပန် သီလဝါ ဒီဗလော့မင့်လီမိတက် (MJTD) အနေဖြင့် ပြီးခဲ့သည့် နှစ်နှစ်အတွင်း မြေယာ‌‌ရောင်းချမှုကဏ္ဍတွင် ထပ်မံ‌ရောင်းချရခြင်းမရှိသဖြင့်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်တွင် အသားတင်အမြတ်ငွေ ဒေါ်လာ ၁ ဒသမ ၆ သန်းသာရရှိခဲ့ကြောင်း သိရသည်။

MJTD သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်အတွက် အသားတင်အမြတ်ငွေ ဒေါ်လာ ၁ ဒသမ ၆ သန်းရရှိခဲ့‌ခြင်းဖြစ်သည်။

နှစ်နှစ်တာကာလမျှ ကြာမြင့်နေသော ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုနှင့် အခြားနိုင်ငံတကာ စီးပွားရေးအခြေအနေများသည် MJTD ၏ မြေယာရောင်းချမှုကဏ္ဍတွင် အဆိုပါနှစ်နှစ်အတွင်း ထပ်မံရောင်းချရခြင်းမျိုးမရှိခဲ့ဘဲ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများနှင့် အခြားဝင်ငွေများမှသာ ဝင်ငွေရရှိခဲ့ခြင်းဖြစ်သည်။

MJTD ကို သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ရှိသည့် စက်မှုလုပ်ငန်းဧရိယာဖွံ့ဖြိုးရေး၊ ဈေးကွက်တင်ရောင်းချခြင်း၊ နှစ်ရှည်ငှားရမ်းခြင်းနှင့် စက်မှုလုပ်ငန်းဧရိယာ လည်ပတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး MJTD ၏ အစုရှယ်ယာ ၄၁ ရာခိုင်နှုန်းကို ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီဖြစ်သည့် မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက် (MTSH)က ပိုင်ဆိုင်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News