April 27, 2024

MT News

Written by Ye Kyaw

SAC လက်ထက် နှစ်နှစ်တာကာလအတွင်း စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ခွင့်ပြုထားပြီး ယင်းကာလ၌ ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ရာခိုင်နှုန်း ၃၀ ကျော်အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ နှစ်နှစ်အတွင်း မြန်မာနိုင်ငံ၌ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၅၀၂ ဘီလျံကျော်ခွင့်ပြုပေးထားသည်။

SAC လက်ထက် နှစ်နှစ်အတွင်း မြန်မာနိုင်ငံအတွင်း စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၄၆၁ ဘီလျံ ခွင့်ပြုပေးခဲ့သည့်အနက် စင်ကာပူနိုင်ငံ တစ်နိုင်ငံတည်း ခွင့်ပြုပေးမှုပမာဏမှာ ရာခိုင်နှုန်း ၃၀ ကျော်အထိရှိသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှစတင်၍ လက်ရှိအချိန်အထိ နှစ်ပေါင်း ၃၄ နှစ်အတွင်း မြန်မာနိုင်ငံ၌ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှ ဒေါ်လာ ၉၅ ဘီလျံခန့် လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ အဆိုပါ ၃၄ နှစ်အတွင်း စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ၂၆ ဘီလျံခန့်ဖြင့် တရုတ်နိုင်ငံကို ကျော်တက်ကာ အများဆုံးဝင်ရောက်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News