April 27, 2024

MT News

Written by Nay Moe

၂၀၂၂ ခုနှစ်ကို စိတ်ရှည်သည်းခံမှုနှင့် အကောင်းဆုံးကျော်ဖြတ်ခဲ့ပြီး ၂၀၂၃ ကို သတိရှိရန်နှင့် ပိုမိုအသိရှိမှ ကျော်ဖြတ်နိုင်မည်ဟု SAC ဥက္ကဋ္ဌ ​ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားသည်။

“၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အခက်အခဲများစွာနဲ့ စိန်ခေါ်မှုပေါင်းစုံကြားကနေ ကျွန်တော်တို့အားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ သဘောထားပြည့်ဝမှုတွေနဲ့ပဲ အကောင်းဆုံးဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

လွတ်လပ်ရေးရရှိမှု ၇၅ နှစ်တာကြာမြင့်သော်လည်း လွတ်လပ်ရေးအရသာ အပြည့်အဝမခံစားရသေးကြောင်း၊ ငြိမ်းချမ်းရေးရရှိအောင် ဖိတ်ခေါ်ဆွေးနွေးနေမှုအပြင် ရွေးကောက်ပွဲကို အကြားအလပ်မရှိကျင်းပနိုင်ရေး ဆွေးနွေးနေပြီး မူလအတိုင်းအေးချမ်းအောင် ဆောင်ရွက်နေကြောင်း၊ ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ပိုမိုကြိုးပမ်းမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

“ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလမှာ ကမ္ဘာမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ နိုင်ငံတကာ အရေးအခင်းအချို့ကို ကျွန်တော်တို့ ကြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုအားလုံး ပိုမိုသတိရှိရမယ်။ ပိုမိုအသိရှိရမှာ ဖြစ်ပါတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့ဆိုရင် ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသလို ကျွန်တော်တို့အားလုံး စည်းလုံးစွာနဲ့ ကျော်ဖြတ်ဖို့ပဲလိုပါမယ်” ဟု ထည့်သွင်းပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *