April 26, 2024

-၂၀၂၁ ခုနှစ် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားပိုင်တံခွန် အဆင့် ၁၄ သို့ ကျဆင်း

၃၁. ၁၂. ၂၀၂၂
Written by Pan Ei

၁၉၉၀ ပြည့်နှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း TC Candler ကနေ နိုင်ငံပေါင်း ၅၀ ကျော်က အနုပညာရှင်များအပါအဝင် ဆန်ကာတင်စာရင်းဝင် များစွာသော လူတွေထဲက ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး မျက်နှာပိုင်ရှင် အမျိုးသားအယောက် ၁၀၀ နဲ့ ကမ္ဘာ့ အလှဆုံး မျက်နှာပိုင်ရှင် အမျိုးသမီး အယောက် ၁၀၀ တို့ကို ရွေးချယ်လေ့ရှိကြပါတယ်။

၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့ ဆွဲဆောင်မှုအရှိဆုံး မျက်နှာပိုင်ရှင် အမျိုးသားအဖြစ် ရွေးချယ်ခြင်း ခံရတဲ့သူကတော့ ဗြိတိန်နိုင်ငံက မင်းသားချော Henry Cavill ဖြစ်ပြီး Superman ဇာတ်ရုပ်သရုပ်ဆောင်အနေနဲ့ လူသိများပါတယ်။ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး မျက်နှာပိုင်ရှင် အမျိုးသားအဆင့် ၂ နေရာကိုတော့ တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်အဖွဲ့ Stray Kids က Hyunjin ရရှိခဲ့တာဖြစ်ပြီး မော်ဒယ်နဲ့ သရုပ်ဆောင် Timothèe Chalamet က အဆင့်၃ နေရာမှာ ရပ်တည်နေပါတယ်။

အဲဒီလိုပဲ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အလှဆုံး မျက်နှာပိုင်ရှင် အမျိုးသမီးအဖြစ် အမေရိကန်ပြည်ထောင်စုက မော်ဒယ်မလေး Jasmine Tookes က ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး တောင်ကိုရီးယား အမျိုးသမီးအဆိုရှင်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Momoland အဖွဲ့ဝင် Nancy နဲ့ Blackpink အဖွဲ့ဝင် Lisa တို့က ကမ္ဘာ့ အလှဆုံးမျက်နှာပိုင်ရှင်အမျိုးသမီး အဆင့် ၂ နဲ့ ၃ နေရာအဖြစ် အသီးသီး ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ ဆွဲဆောင်မှုအရှိဆုံး မျက်နှာပိုင်ရှင် အမျိုးသားအဖြစ် မြန်မာနိုင်ငံ မော်ဒယ်နဲ့ သရုပ်ဆောင် ပိုင်တံခွန် က ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဒီနှစ်မှာတော့ အဆင့် ၁၄ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။

Ref; TC Candler

Leave a Reply

Your email address will not be published. Required fields are marked *