April 19, 2024

၃၁. ၁၂. ၂၀၂၂
Written By Thandar

မနက်ဖြန်ဆို ၂၀၂၂ ခုနှစ်ကုန်ဆုံးလို ၂၀၂၃ ခုနှစ်ကို ကူးပြောင်းတော့မယ့် အချိန်ကာလအတွင်းမှာတော့ တချို့လည်း ပူပင်သောကလေးတွေ ရှိကြမယ်ဆိုပေမယ့် အနုပညာတွေရဲ့ ခွန်အားဖြစ်တဲ့ စကားသံလေး ဖတ်ရှုရင်းနဲ့ စိတ်ပျော်ရွှင်မူရရှိစေဖို့အတွက် နှစ်သစ်ဆုတောင်းစကားသံလေးတွေကို MT News က စုစည်းတင်ပြလိုက်ပါတယ်နော်။

အဆိုတော် ပိုးအိစံ

၂၀၂၃ ခုနှစ်မှာ ချစ်ရတဲ့သူများအားလုံးကို ဆုမွန်ကောင်းလေးတောင်းပေးချင်ပါတယ်။ စိတ်ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ တိုးတက်ကြ စီးပွားလာဘ်လာဘတွေလည်း ပေါများပါစေ။ ဘေးအန္တရာယ်တွေလည်း ကင်းရှင်းကြပါစေလို့ ဆုတောင်း မေတ္တာပို့သပါတယ်။

သရုပ်ဆောင် အေးချမ်းမောင်

နှစ်သစ်မှာ ပရိသတ်အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြည့်ဝပြီးတော့ လိုအင်ဆန္ဒတွေလည်း ပြည့်ပါစေ။ ဆန္ဒနဲ့ ဘဝလည်း တစ်ထပ်တည်း အမြန်ဆုံးကျပါစေလို့ ဆု‌တောင်း ပေးပါတယ်။

အဆိုတော် သရုပ်ဆောင် ပန်းရောင်ခြယ်

၂၀၂၃ မှာ အားလုံး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ ကျန်းမာရေးလည်း ဂရုစိုက်ကြပါ။ ကျန်းမာပျော်ရွှင် ဘေးကင်းကြပါစေလို ဆုတောင်းပေးပါတယ်။

သရုပ်ဆောင် အောင်မင်းခန့်

အားလုံးအားလုံးပဲ မြင်အပ်တဲ့ သတ္တဝါတွေရော မမြင်အပ်တဲ့ သတ္တဝါတွေရော စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

သရုပ်ဆောင် ဆုထက်ကု‌ဋေ

၂၀၂၃ နှစ်သစ်ကစပြီးတော့ စိတ်ချမ်းသာ ကိုယ့်ကျန်းမာပြီး လိုရာဆန္ဒများပြည့်ဝကြပါစေ။ ကိုယ်ဖြစ်ချင်တဲ့အရာတွေ လုပ်ချင်တဲ့အရာတွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ကြပါစေ။ ဆုထက်တို့ နိုင်ငံကြီးဟာ အဖျားအနာ အမြန်ပျောက်ကင်းပါစေ။ အရာရာ အဆင်ပြေကြပါစေ။ အ‌ဝေးရောက်နေတဲ့ မိသားစုတွေ ကွဲကွာနေတဲ့ မိသားစုတွေလည်း အမြန်ဆုံး ပြန်လည်ဆုံတွေ့ကြပါစေ။ ပျော်ရွှင်စရာ ကောင်းတဲ့ ၂၀၂၃ ကို ပိုင်ဆိုင်နိုင်ကြပါစေ။

အဆိုတော် S ခူးဝေ

ချစ်ရတဲ့ မိဘပြည်သူများအားလုံး နှစ်သစ်မှာ ဘေးရန်အပေါင်းက ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျမ်းမာလျှက် လိုအင်ဆန္ဒများအားလုံးပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

သရုပ်ဆောင် စိုးမိုးကြည်

လာမယ့် ၂၀၂၃ အကုန်လုံးပေါ့။ ခုနှစ်ရက်သားသမီးတွေ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ စီးပွားရေးတွေ အဆင်ပြေပါစေ။ အဖက်ဖက်က အဆင်ပြေကြပါစေလို့ အစ်မက ဆုတောင်းပါတယ်။ လုပ်ငန်း စီးပွားတိုးတက်အောင်မြင်ကြပါစေ အစ်မ ဆုတောင်းပေးပါတယ်။

အဆို‌တော် L ဂျာဆိုင်းပန်

Happy New Year ပါရှင့်။ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ့်ကျန်းမာနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေ အားလုံး ဖြစ်ကြပါစေ။ တစ်နှစ်ပတ်လုံး ကျန်းမာပျော်ရွှင်ပြီး အလုပ်တွေအားလုံး အဆင်ပြေ အောင်မြင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

သရုပ်ဆောင် ရွှေပိုးအိမ်

ခုလာမယ့် နှစ်သစ်မှာ ပရိသတ်တွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ရွှေပိုးက ဆုမွန်ကောင်း တောင်းပေးပါတယ်နော်။ အခက်အခဲတွေ အားလုံးဖြတ်ကျော်နိုင်ကြပါစေရှင့် ။

သရုပ်ဆောင် ကျော်ထက်

ပရိသတ်အားလုံးပဲ ဒီနှစ်သစ်မှာ ကိုယ့်လုပ်ချင်တဲ့အလုပ်တွေကို အောင်အောင်မြင်မြင် လုပ်နိုင်ပါစေ။ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ကြံစည်သမျှ အားလုံးအောင်မြင်ပါစေလို့ ဆုမွန် ကောင်းတောင်းပေးပါတယ်။

အဆိုတော် သဒ္ဒါနန်းထိုက်

နှစ်သစ်မှာလည်း စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ခြင်းတွေကိုပဲ ရရှိနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။ Happy New Year ပါလို့ ပြောချင်ပါတယ်။

သရုပ်ဆောင် မင်းခန့်ထည်

ပရိသတ်တွေကို နှစ်သစ်မှာ ကပ်ရောဂါကြီးကနေ ကင်းဝေးကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ ပရိသတ်အားလုံးလည်း အသက်ရှူတိုင်း‌ငွေတွေ ဝင်ကြပါစေ ။ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ကြပါစေ။

သရုပ်ဆောင် သဲနန္ဒာစိုး

လာမယ့် နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပြီးတော့ စိတ်သစ်ကိုယ်သစ်နဲ့ စတင်နိုင်ကြပါစေ။ အကုန်လုံး အဆင်‌ပြေကြပါစေနော်။

Leave a Reply

Your email address will not be published. Required fields are marked *