April 26, 2024

MT News

Written by Ye Kyaw

ရည်ညွှန်းငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ကို ပြောင်းလဲရန် အစီအစဉ်မရှိသည့်အပြင် မည်သည့်ငွေစက္ကူအမျိုးစားကိုမျှ အသစ်ထုတ်ဝေရန် အစီအစဉ် မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယမန်နေ့ညတွင် တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးပဋိပက္ခကာလအတွင်း ငွေစက္ကူအသစ်များထုတ်ဝေမည်ဟု ကောလာဟလ သတင်းထုတ်လွှင့်မှုများ ရှိခဲ့သလို ပြည်သူများ လုံခြုံရေးကောင်းမွန်သည့် ငွေစက္ကူများကို ကိုင်တွယ်သုံးစွဲနိုင်ရန် အလေးထားဆောင်ရွက်နေကြောင်း ဒီဇင်ဘာ ၂၇ တွင်ပြုလုပ်သည့် ပြည်တွင်းသုံးငွေစက္ကူများ ထုတ်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲ၌ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားအပြီး အဆိုပါကြေညာချက်အပေါ်အခြေခံကာ ငွေစက္ကူသစ်များထုတ်ဝေမည်ဟု သတင်းလွှင့်မှုအချို့ရှိလာသဖြင့် ယခုကဲ့သို့ ကြေညာခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေစျေးကွက်တွင် မသမာသူများက ငွေလဲနှုန်းရည်ညွှန်းစျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်အား ထပ်မံတိုးမြှင့်သွားမည်ဆိုသည့် သတင်းအမှားများ ထုတ်လွှင့်မှုများရှိခဲ့သည့်အတွက် ဒီဇင်ဘာ ၁၅ရက်တွင် လက်ရှိငွေလဲနှုန်းရည်ညွှန်းစျေး တစ်‌ဒေါ်လာ ၂၁၀၀ ကျပ်မှ ထပ်မံတိုးမြှင့်သွားမည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ပြီး ဈေးကွက်အတွင်း ဒေါ်လာများ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *