၂၉. ၁၂. ၂၀၂၂
Written By Thandar

ဂီတပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်လက်ခံအားပေးမှု ရလာတဲ့ ပန်းရောင်ခြယ်ကတော့ တမြေ့မြေ့မိုးဇာတ်လမ်းတွဲမှာ လူငယ်အိမ်ထောင်သည် ကောင်မလေးကာရိုက်တာကနေ ရိုက်ကူးရတာဟာ ကိုယ့်အတွက် စိန်ခေါ်မှုရှိမယ်ထင်လို့ လက်ခံရိုက်ကူးခဲ့တာပါလို့ ဆိုပါတယ်။

“ဒီဇာတ်လမ်းထဲမှာ ညီမက မိုးအိဖြူ ဆိုတဲ့ ကာရိုက်တာ။ ချစ်ဖို့ ကောင်းတယ်။ ဖြူစင်တဲ့ ကောင်မလေးတစ်ယောက်။ နေသူရိန်က သူ့အချစ်ဦး‌ပေါ့။ နေသူရိန်ကို အရမ်းချစ်တယ်ပေါ့။ လိုအပ်ချိန်မှာ သန်မာဖို့ Confirm ရှိတဲ့ကောင်မလေးတစ်ယောက်ပေါ့။ ဆုံးဖြတ်ချက်လည်း ပြတ်သားတယ်။ နေသူရိန်အရမ်းချစ်တယ်ဆိုတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ကြည့်ပေးပါ။ အိမ်ထောင်သည် လူငယ်ကောင်မလေး တစ်ယောက်နေရာက တစ်ခါမှ ပန်းရောင် သရုပ်မဆောင်ဖူးသေးပါဘူး။ ဇာတ်လမ်းကလည်း အိမ်ထောင်သည် ကောင်မလေး။ ကိုယ့်အတွက် စိန်ခေါ်မှုရှိမယ်ထင်လို့ ကြိုးစားကြည့်မယ်ဆိုပြီး လက်ခံရိုက်ကူးဖြစ်တာပါ။”လို့ သရုပ်ဆောင် ပန်းရောင်ခြယ်က ပြောပါတယ်။

သရုပ်ဆောင် အေးချမ်းမောင်နဲ့ အဆိုတော် သရုပ်ဆောင် ပန်းရောင်ခြယ်တို့ ပထမဆုံးအကြိမ် ဆုံတွေ့ ရိုက်ဖူးကြတာက အချစ်နဲ့ထိတ်လန့်သည်းဖိုမှုပုံစံ “တမြေ့မြေ့မိုး”ဇာတ်လမ်းတွဲဖြစ်ပါတယ်။ မိုးအိဖြူ ကာရိုက်တာက အသက် ၂၃ နှစ်အရွယ် ပထမဦးဆုံးအချစ်ဦးနဲ့ လက်ထပ်လိုက်ပြီး အိမ်ထောင်သည် ကောင်မလေးနေရာက မြင်တွေ့ရမှာပါ။

“ပန်းရောင်က အနုပညာနဲ့ပတ်သက်ရင်တော့ အားလုံးကို မြတ်နိုးပါတယ်။ သီချင်းဆိုတာရော၊ သရုပ်ဆောင်တာရော၊ ကတာရော၊ ပန်းချီဆွဲတာရောပေါ့။ ဦးဆုံးဖြစ်ချင်ခဲ့တာက အဆိုတော်။ တချိန်ချိန် သရုပ်ဆောင် အလုပ်ကို ကြိုးစားကြည့်မယ်လို့ ရည်မှန်းချက်ရှိခဲ့ပါတယ်” လို့ ဆက်လက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *