ကားမီးလောင်မှုဖြစ်စဥ်ကို တွေ့ရစဥ် (လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့)

၂၈. ၁၂. ၂၀၂၂
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သပိတ်ကုန်းကွေ့တွင် ယာဉ်(၁)စီးသည် လမ်းဘေးရှိ သစ်ပင်အားဝင်တိုက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၇ ရက် ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။

ယာဥ်မီးလောင်မှုတွင် ယာဥ်ပေါ်ပါ လူနာအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လှည်းကူးမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် လှည်းကူးကြက်ခြေနီ တပ်ဖွဲ့မှ ပူးပေါင်းကူညီဆောင်ရွက်ရာ ယာဥ်ပေါ်ပါ ကျား မ စိစစ်ဆဲ မီးလောင်သေဆုံး တစ်ဦးအား လှည်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လှည်းကူးမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *