MT News

Written by Min Mahar

ငါန်းဇွန်မြို့နယ်တွင် ဓားနှင့်ထိုး သေနတ်ဖြင့်ပစ်သ.တ်ထားသည့် အမည်မသိလူလတ်ပိုင်းအမျိုးသားအလောင်း ၃ လောင်း ယမန်နေ့နံနက်က တွေ့ရှိခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာအနီးတွင် ဓားဖြင့်ထိုးထားသည့်အပြင် သေနတ်ဖြင့်ပါ ပစ်သ တ်ထားသည့် အမည်မသိလူလတ်ပိုင်း အမျိုးသားအလောင်း ၃ လောင်းကို ရွာသားများမှစတင်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း ဒေသခံတစ်ဦး၏ပြောပြချက်အရ သိရသည်။

သေဆုံးသူများမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးတွင် ဘယ်ဘက်ရင်အုံတွင် ဓားဒဏ်ရာတစ်ချက်နှင့် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ အသက် ၃၅ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးတွင်လည်း ဘယ်ဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးတွင်မူ ဘယ်ဘက်ရင်အုံကို ဓားဖြင့်ထိုးသွင်းထားသောဒဏ်ရာတစ်ချက်၊ ဝဲဘက်နောက်ကျောအား ကျည်ဖောက်ဝင်ထားသောဒဏ်ရာတစ်ချက်တို့ဖြင့် အသီးသီးသေဆုံးနေကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်နေရာအနီးတွင် ကျည်ခွံ ၃ ခုကိုလည်း တွေ့ရှိခဲ့ပြီး ၎င်းသေဆုံးသူ ၃ ဦး၏အလောင်းများအား ငါန်းဇွန်မြို့နယ် နာရေးကူညီမှုအသင်းယာဉ်ဖြင့် ငါန်းဇွန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *