၂၇. ၁၂.၂၀၂၂
Written By Thandar

ခေတ်ကာလအခြေအနေအရ ဟိုတယ်တွေ၊ ဘားတွေ၊ ကလပ်တွေ ပျော်ပွဲရွှင်ပွဲတွေ ရပ်နားထားတဲ့လုပ်ငန်းတွေ ရှိသလို ရပ်ဆိုင်းထားတဲ့ အလုပ်တွေလည်း ရှိပါတယ်။

ဒါပေမဲ့လည်း တချိုကတော့ စိတ်ညစ်တာတွေကို ခေါင်းဆေးတဲ့သဘောနဲ့ အပျော်ပွဲလေးမှာ ခေတ္တခုံမင်ကြတဲ့သူတွေလည်း ရှိကြပါတယ်။

ဒီလိုမျိုး ခေတ္တခုံမင်ကြသူတွေကြောင့်လည်း မြန်မာနိုင်ငံက ကမ်းခြေတွေ၊ ဟိုတယ်တွေ၊ ဘားတွေ လည်ပတ်သွားလာစရာနေရာတွေအားလုံးဟာ လူအပြည့်နဲ့ပျော်ရွှင်နေကြသလို အချိန်ကာလနာရီပိုင်းတစ်ခုအတွင်းမှာ စိတ်ရှုပ်စရာ စိတ်ညစ်စရာတွေကို မေ့ပျောက်သွားအောင် ဖန်တီးနေတဲ့သူတွေလည်း အမျိုးမျိုးရှိကြပါတယ်။

ဒီဇင်ဘာကတော့ ရန်ကုန်မြို့လေးမှာ ချမ်းအေးတဲ့ ရာသီဥတုကို အနည်းငယ်ကူးပြောင်းလာသလို ပျော်ပွဲရွှင်ပွဲတွေလည်း လုပ်ကိုင်လာကြတာရှိပါတယ်။ ဒီဇင်ဘာဟာ ပိတ်ရက်လေးတွေ များသလို ရက်ကောင်းရက်မြတ် နေ့ထူးနေ့မြတ်တွေလည်း များပါတယ်။

နေ့ထူးရက်မြတ်လေးတွေမှာ ပျော်ရွှင်စရာပွဲလေးတွေဖန်တီးပြီး ဖြတ်သန်းနေကြသူ တချို့အတွက် စျေးနှုန်းအနည်းဆုံး သောင်းဂဏန်း ၊ တစ်သိန်းကနေ ကျပ် ၁၀ သိန်းကျော်အထိ စျေးအစားစား သတ်မှတ်ထားပါတယ်။

လာမယ့် နှစ်ကုန်ပိုင်းမှာလည်း ဒီဇင်ဘာ ၃၁ ရက်နေ့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ကို ကူးပြောင်းတော့မယ့်အချိန် မြို့နယ်အသီးသီးမှာ ဖျော်ဖြေပွဲနဲ့ နှစ်သစ်ကူးကြမှာလည်း ဖြစ်ပါတယ်။

စိတ်တဒင်္ဂခေတ္တပျော်ပါးရာကို ရှာဖွေနေကြတဲ့ ပရိသတ်တစ်ချို့အတွက် မြန်မာပြည်တွင်း မြို့နယ်အသီးသီးက ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကျင်းပမဲ့ ဖျော်ဖြေပွဲတစ်ချို့ကို MT News ကနေ စုံစမ်းတင်ဆက်ပေးလိုက်ရပါတယ်။ ပျော်ရွှင်စရာနှစ်သစ် အချိန်အခါအတွက် ကြိုတင် Booking တင်လို့ရမယ့် ပွဲတော်လေးတွေလည်း ပါပါတယ်။

ဒီပွဲတွေကတော့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ Chatrium New Year Y2K Y23Countdown Party at the Pool Garden မှာ ည ၇ နာရီကနေ မနက် ၁ နာရီခွဲအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

ချက်ထရီယမ်ဟိုတယ်မှာ Y2K Y23 နှစ်သစ်ကူး အကြိုညစာစားပွဲကို သက္ကရာဇ်၂ဝဝဝ မှာ ခေတ်စားခဲ့တဲ့ အမိုက်ဆုံး ဖက်ရှင်၊ အဟော့ဆုံးဂီတ၊ စွဲထင်ဆဲ အမှတ်တရတွေနဲ့ တင်ဆက်ပေးသွားမှာမို့၂၀၂၃ နှစ်သစ်ကို အလန်းဆုံး ကြိုဆိုကြမယ်၊ ပွဲစဉ်တလျောက် ပျော်စရာကောင်းတဲ့ အစီအစဉ်တွေ မနားတမ်းတင်ဆက်မယ့် ANDY MC ၊ Gateway Band ရဲ့ ၂ဝဝဝ ပြည့်နှစ်များဆီက အကောင်းဆုံးသီချင်းများ ဖျော်ဖြေမှု DJ Baytar ရဲ့ Countdown အစီအစဉ်မှာ မမောတမ်းကလို့ရမယ့် Millennium Music Creation ၊ Mo Mo Chanel, Drag Queen Ri Ri, HANE Royal တို့ရဲ့ ဖက်ရှင်တွေနဲ့ အမိုက်စား Drag Performance အတူတူလိုက်ဆိုရအောင် Hip-hop – Chatrium Hotel Royal…Music တွေ non-stop တင်ဆက်မယ့် DJ Andrew Raymundo Vs Swan Tee Myal & K Hein ရဲ့ အစီအစဉ်တွေပြင် စိတ်လှုပ်ရှားဖွယ် ဆုမဲတွေပါဝင်တဲ့ ကံစမ်းမဲနဲ့ ဂိမ်းအစီအစဉ်ကျင်းပမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက် Meru Windermere Square မှာ ညနေ ၆ နာရီကနေ ည ၉ နာရီအထိ မင်္ဂလာရှိတဲ့ 2023 New Year eve ကို Meru မှာ ဘိုဖြူရဲ့ သံစဉ်တွေနဲ့ ပျော်ရွှင် စိတ်ချမ်းသာစွာ နွဲကြမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel က စီစဉ်ကျင်းပမယ့် “The Light of Wyndham Grand New Year Eve Countdown 2023” ပွဲကြီးမှာတော့ A Tribute to Michael Jackson (Reizo Zen) ရဲ့ ကမ္ဘာကျော်ကကွက် Performances တွေ၊ နာမည်ကြီး အဆိုတော်တွေ ဖြစ်ကြတဲ့ အိမ့်ချစ်နဲ့ ဝေကြီးတို့ရဲ့ သီဆိုတင်ဆက်မှုတွေ အတူတူလိုက်ဆိုရင်း DJ Mike နဲ့ DJ Martial တို့ရဲ့မြူးကြွတဲ့ ဖျော်ဖြေမှုတွေနဲ့ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးညလေးကို ဖန်တီးကြမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က The Strip Yangon – Rooftop Bar New Year Countdown မှာတော့ Hi Bird Music Band ရဲ့ တီးခတ်မှုနဲ့အတူ ဖျော်ဖြေကြမယ့် အဆိုတော် ထက်ယံ၊ အဆိုတော်ယွန်းမြတ်သူနဲ့ အဆိုတော် ဂေးဂေးတို့က တေးသီချင်းတွေနဲ့ ဖျော်ဖြေမူတွေ ၊ In door EDM Party ၊ DJ Chr Chr ၊ DJ Kitkat တို့က တီးခတ်ပေးမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ Piano Bar ရဲ့ New Year Night Party မှာလည်း နှစ်သစ်ကူးအချိန်အခါလေးမှာ အဆိုတော် ဇွဲပြည့်၊ သီရိဝင်း  လှိုင်တို့က Caribbean Band နဲ့အတူ သီဆိုဖျော်ဖြေကြမှာဖြစ်ပြီးတော့ မြူးကြွတဲ့DJ တီးလုံးများကို PK က ဖန်တီးပေးမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ နှစ်သစ်ကူး Countdown ပွဲတော်ကြီး “NYER • New Year Eve Recharge Music Festival” ကို အကောင်းဆုံး တေးဂီတတွေနဲ့ အမြူးကြွဆုံး DJ တွေနဲ့ ဖျော်ဖြေတင်ဆက်ကြမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ သာကေတ Yangon Waterboom Wave Pool မှာလည်း Dj ၁၀ ယောက်နဲ့ ပွဲထွက်လာမယ့် Sons Wave Pool Party Line up နဲ့ Set Time တွေနဲ့ ဖျော်ဖြေတင်ဆက်ကြမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမကြီး၊ Makro ရဲ့ မျက်စောင်းထိုးဖြစ်တဲ့ Overtime Bar & B.B.Q ရဲ့ OVERTIME NEW YEAR NIGHT LIVE CONCERT မှာလည်း New Year Night မှာ အဆိုတော် စည်သူလွင်၊ ငွေဇင်လှိုင်းတိုနဲ့အတူ RUNNER BAND ရဲ့ LIVE CONCERT ဖျော်ဖြေမှု အစီအစဉ်ထားတယ်လို့ သိရပါတယ်။

နေပြည်တော်မြို့က Yadanar Theingha Hotel Pool Side မှာလည်း ည ၉ နာရီကစမှဖြစ်ပြီး 2023 Countdown Festival ပွဲကိုတော့7 Eagles Entertainment Groups စီစဥ်ပြီးတော့ DJ ညီမလေး လေးယောက်အပြင် နေပြည်တော်က ချစ်စရာကောင်းတဲ့ Dj Krystal လေးကပါ Happy New Year countdown party မှာ ဖျော်ဖြေတင်ဆက်မယ်လို့ သိရပါတယ်။

ပုသိမ်မြို့က Pathein Hotel မှာလည်း New Year Countdown Party 2023 နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ Countdown Buffet Dinner DJ Entertainment Unplugged Music Lucky Draw Program စတဲ့ အစီစဉ်တွေနဲ့အတူ ကျင်းပသွားမယ်လို့ သိရပါတယ်။

ပုသိမ်မြို့ ငွေဆောင်မှာလည်း New Year Countdown party at Ngwe Saung K resort hotel ကနေ နှစ်သစ်ကူးကာလ အဆိုတော် ရဲရင့်အောင် ၊ Cyclone ၊ Zam ၊ bcbc စတဲ့ အနုပညာရှင်တွေရဲ့ မြူးကြွတဲ့ DJ တွေနဲ့ တီးခတ်ဖျော်ဖြေမှာဖြစ်ပါတယ်။

နှစ်ဟောင်းကနေ နှစ်သစ်ကူးပြောင်းတဲ့ အချိန်ကာလမှာ ဂီတကို ချစ်မြတ်နိုးတဲ့သူတွေ မိမိတို့ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး လည်ပတ်နိုင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *