Virtual စနစ်ဖြင့် ပြုလုပ်သည့် အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကို တွေ့ရစဥ်

၂၁. ၁၂. ၂၀၂၂
Written by Ye Kyaw

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၇ မျှော်မှန်းထားခဲ့ပြီး ယခုနှစ် ခြောက်လအတွင်း ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ Virtual စနစ်ဖြင့် ပြုလုပ်သည့် အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာလအလွန် နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရန် ကြိုးစားနေမှုအပေါ် ဦးမောင်မောင်ဝင်းက “ယခု ၂၀၂၂ ခုနှစ် ပထမခြောက်လအပြီးတွင် စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ တိုးတက်စေရန် အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုများ၊ စွမ်းအင်ဆိုင်ရာ ရေနံနှင့်လောင်စာဆီ အခက်အခဲများ၊ မြင့်တက်လာသော ကုန်စည်ဈေနှုန်းများနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည် ၁၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ငွေကြေးဖောင်းပွမှု မြင့်တက်မှုနှုန်း ၁၄ ရာခိုင်နှုန်းကျော်အထိရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်

Leave a Reply

Your email address will not be published. Required fields are marked *