၂၅.၅.၂၀၂၄
Written By Zue

ပြည်မြို့တွင် ဘတ္ထရီအိုးပေါက်ကွဲရာမှ မီးလောင်၍ ဆေးဆိုင်ဂိုဒေါင်တစ်လုံးနှင့် နေအိမ်တစ်လုံး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)နှင့် ပရဟိတပါရမီ လူမှုကယ်ဆယ်ရေးအသင်း(ပြည်)တို့ထံက သိရသည်။

ယနေ့ မေလ ၂၅ ရက် နံနက်အစောပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆေးနွေးဘုရားလမ်း၊ အောင်ဇော်ဦးဆေးရုံ (၁)အနီး တက်နေလင်းဆေးဆိုင်ပစ္စည်းဂိုဒေါင်နှင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်ပြင်၌ မီးငြှိမ်းသတ်ရာမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးတွင် ခြေထောက်မှန်စစူးသည့် သွေးထွက်ဒဏ်ရာနှင့် နောက်တစ်ဦးတွင် လက်ပေါက်ပြဲ သွေးထက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။

“မီးလောင်မှု ဖြစ်တာက ဒီနေ့ မနက် ၂ နာရီလောက်ကပဲ ဖြစ်တယ်။ မီးငြှိမ်းသတ်ရတာ ၂ နာရီကျော်လောက် ကြာတယ်။မနက် ၄ နာရီကျော်မှ ငြိမ်းတာ။ ဘတ္ထရီပေါက်ပြီး လောင်တာ။ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကိုတော့ လိုအပ်တဲ့ မြေပြင်ကုသမှုတွေ လုပ်ရပါတယ်။ ဒဏ်ရာတွေက မများဘူး”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက MT News ကို ပြော သည်။

Leave a Reply

Your email address will not be published. Required fields are marked *