November 13, 2024
photo_2024-05-18_13-24-50

၁၈.၅.၂၀၂၄
Written By Zun

KIA/PDF အဖွဲ့က ယနေ့ မေလ ၁၈ ရက်နံနက်တွင် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်အနီးတွင်ရှိသည့် နမ်ပေါင်လေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရာ ရှော့တိုက် ဒုံးမှာ လေတပ်သို့ မရောက်ဘဲ ပမ္မတီး ရပ်ကွက်နှစ်ခုအတွင်း ကျရောက်ပေါက်ကွဲသောကြောင့် ၃ ဦး သေဆုံးကာ ၈ ဦးဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

“မနက်က ဖြစ်တာ ဟုတ်တယ်။ လတ်တလောမှာတော့လုံခြုံရေး ကိစ္စတွေကို ဆောင်ရွက်နေပါတယ်”ဟု တပ်မ တော်(လေ)နှင့် နီးစပ်သူတစ်ဦးက MT News ကို ယနေ့ မေလ ၁၈ ရက် မွန်းလွဲပိုင်းက အတည်ပြု ပြောပြသည်။

အဆိုပါ ရှော့တိုက်ဒုံးမှာ ပမ္မတီးရပ်ကွက်(၄)အနီးတွင် တစ်လုံး၊ ရပ်ကွက်(၅) အတွင်းသို့ တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပမ္မတီးရပ်ကွက်အတွင်းမှာ အပြစ်မဲ့ပြည်သူ အမျိုးသား ၃ ယောက် သေဆုံးခဲ့ပြီးတော့ ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာတော့ ကချင်ပြည်နယ် အစိုးရအဖွဲ့က သေဆုံးသူတစ်ယောက်အတွက် ငွေ ၁၀ သိန်း၊ ဒဏ်ရာရရှိသူ တစ်ယောက်စီအတွက် ၃ သိန်းကို သူတို့ မိသားစုဝင်တွေကို ပေးခဲ့ပါတယ်”ဟု သွားရောက် ကူညီခဲ့ရာတွင် ပါဝင်သည့် အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက MT News ကို ပြောသည်။

ပမ္မတီးရပ်ကွက်(၄)အနီးတွင် ကျရောက်ပေါက်ကွဲသော ရှော့တိုက်ဒုံးကြောင့် ဒေသခံပြည်သူ ၄ ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ရပ်ကွက်(၅) အတွင်းသို့ကျရောက်သော ရှော့တိုက်ဒုံးကြောင့် တစ်ဦးသေဆုံးကာ သုံးဦး ထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နမ်ပေါင်လေတပ်စခန်းကို KIA/PDF ပူးပေါင်းအဖွဲ့အနေဖြင့် ယခုနှစ်အတွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုမှာပြီးခဲ့သည့် ဧပြီလအတွင်းက တစ်ကြိမ် ၊ မတ်လ ၇ ရက်က တစ်ကြိမ်၊ ယနေ့ မေလ ၁၈ ရက်တွင် တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *