September 8, 2024

၁၇.၅.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမှာ ၂၀၂၄ ခုနှစ်ရဲ့ ပထမသုံးလပတ် ကာလအတွင်း နိုင်ငံခြားသားတွေက ဘတ်ငွေ ၁၈ ဒသမ ၀၂ ဘီလျံတန်ဖိုးရှိတဲ့ ကွန်ဒိုမီနီယမ်အခန်းတွေကို ဝယ်ယူခဲ့ကြတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေအရောင်းအဝယ် သတင်းအချက် အလက်စင်တာက ၂၀၂၄ ခုနှစ်ရဲ့ ပထမ သုံးလပတ်ကာလအတွင်း နိုင်ငံခြားသားတို့က ထိုင်းနိုင်ငံတွင် ဝယ်ယူခဲ့သော ကွန်ဒိုအခန်းတွေ အရေအတွက်နဲ့ တန်ဖိုးက ၂၀၂၃ ခုနှစ် အလားတူကာလနဲ့နှိုင်းယှဉ်ရင် ၄ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ၅ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့တယ်လို့ မေလ ၁၆ ရက်က ပြောခဲ့ပါတယ်။

အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဒီကာလအတွင်း ဝယ်ယူသူနိုင်ငံခြားသားတွေအနက် တရုတ်နိုင်ငံသားတွေက ဘတ်ငွေ ၄ ဒသမ ၅၇ ဘီလျံတန်ဖိုးရှိ ကွန်ဒိုအခန်း ၁,၅၉၆ ခန်းဝယ်ယူကာ ထိပ်ဆုံးကရှိနေပြီး မြန်မာနိုင်ငံသားတွေက ဘတ်ငွေ ၂ ဒသမ ၂၁ ဘီလျံတန်ဖိုးရှိ ကွန်ဒိုအခန်း ၃၉၂ ခန်းကိုဝယ်ယူကာ ဒုတိယနေရာမှာရှိနေခဲ့သလို ရုရှားနိုင်ငံသားတွေကတော့ ဘတ်ငွေ ၉၂၄ သန်းဖိုးရှိ ကွန်ဒိုတိုက်ခန်း ၂၉၅ ခန်း ဝယ်ယူခဲ့တယ်လို့ဖေါ်ပြခဲ့ပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ နိုင်ငံခြားသားဝယ်ယူသူတွေအနက် ၂၀၂၄ ခုနှစ်ရဲ့ ပထမ သုံးလပတ်ကာလအတွင်း တရုတ်နိုင်ငံသားတွေဝယ်ယူမှုက ပြည်ပနိုင်ငံခြားသားများစုစုပေါင်းဝယ်ယူမှုရဲ့ ၄၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားတွေဝယ်ယူမှုက ၁၀ ရာခိုင်နှုန်းနဲ့ ရုရှားနိုင်ငံသားတွေဝယ်ယူမှုက ၅ ရာခိုင်နှုန်းအသီးသီးရှိကြတယ်လို့လည်း ဆိုပါတယ်။

ထိုင်းကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားဝယ်ယူသူတွေထဲ ရုရှားနိုင်ငံသားတွေဝယ်ယူမှု ဒုတိယနေရာမှာရှိနေရာက ၂၀၂၄ ခုနှစ်ရဲ့ ပထမသုံးလပတ်မှာ မြန်မာနိုင်ငံသားတွေက ရုရှားနိုင်ငံသားဝယ်ယူသူတွေကို ကျော်ဖြတ်ကာ ဒုတိယနေရာသို့ ရောက်ရှိလာတာပါ။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *