၁၀.၅.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်း ကားရဲ့ အမြင့်ပေမည်မျှအထိ ဖြတ်သန်းသွားလာနိုင်တယ်လို့ ခွင့်ပြုအတိုင်းအတာကို ဖော်ပြတဲ့ သတိပေးကန့်သတ်ချက်တန်းတစ်ခုတည်းကို သတ်မှတ်ချက်ထက် ကျော်လွန်တဲ့ ထရပ်ကားနှစ်စီးက မေလ ၉ ရက် နံနက်ပိုင်းမှာ နာရီပိုင်းအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြလို့ ယာဉ်စည်းကမ်းဥပဒေက အရာမထင်သက်ရောက်မှု မရှိသလိုဖြစ်ခဲ့ရပါတယ်။

အဆိုပါဖြစ်ရပ်က ဘန်ကောက်မြို့၊ ရတ်ချာသီဝိ ခရိုင်အတွင်းရှိ ဆီ အယုဒ္ဓယလမ်းပေါ် ဖရာထိုင်းလမ်းဆုံ ရှိမိုးပျံလမ်းပေါ်ရှိကားအမြင့် သတိပေးကန့်သတ်ချက်တန်းမှာ ပထမအကြိမ်က မေလ ၉ ရက် နံနက်တစ်နာရီလောက်က ဖြစ်ခဲ့ရတာပါ။

လမ်းကိုဖြတ်လျက်တည်ရှိတဲ့ တားမြစ်ချက်တန်းကို ခွင့်ပြုအမြင့်ထက်ကျော်လွန်တဲ့ အာသစ် အမည်ရှိ တောင်ပေါ်ဒေသလူမျိုးစုတစ်ဦးမောင်းလာတဲ့ နောက်တွဲပါ ထရပ်ကားက ဝင်တိုက်ခဲ့တာပါ။ ကားနောက်တွဲမှာ ကြက်မောက်သီးတွေ လမ်းပေါ်မှာ ပြန့်ကျဲကုန်တာကြောင့် တာဝန်ရှိသူတွေမှာ တစ်နာရီခန့်ကြာအော င်ရှင်းလင်းမှုပြုခဲ့ရပါတယ်။

အဲဒီတားမြစ်ချက်တန်းမှာ ဘီးခြောက်ဘီးနဲ့ ခြောက်ဘီးအထက်ယာဉ်တွေ ဒါမှမဟုတ် ၃ ဒသမ ၁ မီတာထက်ပိုမြင့်တဲ့ယာဉ်တွေ တံတားပေါ်မှ ဖြတ်သန်းခွင့်မပြုလို့ ရေးထားတာပါ။ ယာဉ်မောင်း အာသစ်က ချန်သာဘူရီပြည်နယ်အတွင်းမှထွက်ရှိတဲ့ ကြက်မောက်သီးတွေကို ဘန်ကောက်မြို့၊ ဒူးဆစ်ခရိုင်အတွင်း မာဟာနက်ဈေးမှ ဝယ်သူတစ်ဦးထံ လာရောက်ပို့ဆောင်တာလို့ သိရပါတယ်။ အာသစ်ကိုတော့ နိုင်ငံပိုင် ပစ္စည်းပျက်စီးရသည်အထိ ပေါ့လျော့စွာကားမောင်းမှုနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

နောက်တစ်ကြိမ်ကတော့ နံနက် ၅ နာရီ ၄၇ မိနစ်မှာ ကုန်သေတ္တာတင် ခြောက်ဘီးယာဉ်တစ်စီးက အဲဒီတား းမြစ်ချက်တန်းကိုပဲ ပြန်ပြင်ပြီးလို့မှ နာရီပိုင်းပဲရှိသေးချိန်မှာ ထပ်မံတိုက်မိခဲ့တာပါ။ တိုက်မိမှုကြောင့် ထရပ်ကားရဲ့နောက်တွဲရှိ ကုန်သေတ္တာအမိုးပါ လန်သွားခဲ့ရပါတယ်။ ထရပ်ကားကိုမောင်းလာတဲ့ အသက် ၄၆ နှစ်ရှိ ယာဉ်မောင်း တာနာရက် အင်တာရာဆူဝန် မှာတော့ တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီတစ်ကြိမ်မှာလည်း တာဝန်ရှိသူတွေဟာ အဲဒီထရပ်ကားနဲ့ ကုန်သေတ္တာအမိုးတို့ကိုပါ မိုးပျံလမ်းပေါ်က အချိန်နှစ်နာရီခန့်ကြာ ဖယ်ရှားခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေအတွင်း မိုးပျံတံတားလမ်းကိုလည်းပိတ်ထားခဲ့ရလို့ အဲဒီလမ်းဆုံမှာ ယာဉ်အသွားအလာပိတ်ဆို့မှုတွေ ဖြစ်ခဲ့ရပါတယ်။ တာနာရက်ကတော့ ချောင်ဘူရီပြည်နယ်မှ ကားတာယာတွေကို နာခွန်ပါသွမ်ပြည်နယ်ကိုပို့ဖို့ သယ်ဆောင်လာတာပါ။ သူက GPS လမ်းကြောင်းပြတဲ့အတိုင်း မောင်းလာတာဖြစ်ပြီး တံတားပေါ်ရှိ ကားအမြင့်ပေခွင့်ပြုချက် သတိပေးကန့်သတ်တန်းကို ဂရုမပြုမိခဲ့ဘူးဆိုပါတယ်။

တာနာရက်ကိုလည်း နိုင်ငံပိုင်ပစ္စည်းပျက်စီးရသည်အထိပေါ့လျော့စွာကားမောင်းမှုနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

Ref-Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *