PSG နဲ့ ဒေါ့မွန်တို့ အကြိတ်အနယ်ယှဥ်ပြိုင် ကစားကြမဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

၇ .၅ .၂၀၂၄
Written by MMAK

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ တစ်အုပ်စုတည်းကျရောက်ခဲ့သလို ဆီမီးဖိုင်နယ်အဆင့်မှာ ထပ်မံတွေ့ဆုံခဲ့ပြီး ပထမအကျော့ ဒေါ့မွန်အိမ်ကွင်းမှာ ဒေါ့မွန်အသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။

ပထမအကျော့ပွဲစဉ်မှာ နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် နှစ်သင်းလုံး အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အဆုံးသတ်မသေချာမှုနဲ့ ဂိုးတိုင်ထိမှန်မှုတွေကြောင့် သွင်းဂိုးအများအပြား မမြင်ခဲ့ရဘဲ ဒေါ့မွန်အသင်းရဲ့ သွင်းဂိုးတစ်ဂိုးသာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပထမအကျော့မှာ ရှုံးနိမ့်ထားတဲ့ PSG အသင်းအနေနဲ့ အိမ်ကွင်းမှာ အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ ပြန်နိုင်ထားဖို့လိုအပ်သလို နှစ်ဂိုးပြတ်မှ ဖိုင်နယ်တက်ခွင့်ရမှာ ဖြစ်ပေမဲ့ တစ်ဂိုးအသာရထားတဲ့ ဒေါ့မွန်အသင်းကတော့ သရေကျတာနဲ့ ဖိုင်နယ်တက်မှာ ဖြစ်ပါတယ်။

ပထမအကျော့က ပြောခဲ့သလို ကစားသမား အရည်အ​သွေးအရော ကစားပုံနဲ့ နည်းပြသမ္ဘာကျမှုအပိုင်းတွေမှာ PSG အသင်းက အကုန်အသာရထားသလို အိမ်ကွင်းဖြစ်နေတာရယ် တစ်ဂိုးအသာနဲ့ အနိုင်ရမှ သရေကျမှာ ဖြစ်မဲ့ PSG အသင်းအနေနဲ့ အိမ်ကွင်းပွဲစဉ်မှာ ပိုပြီးတော့ ကြိုးစားကစားဖို့ လိုပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ဂုဏ်ဆောင်အသင်းဖြစ်သလို ချန်ပီယံလိဂ်ဖလားအသည်းအသန်လိုချင်တဲ့ PSG အသင်းကို  ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က မျက်နှာသာပေးထားတာတွေ့ရပြီး ကြားရက်မှာ လိဂ်ပွဲမကစားရဘဲ ချန်ပီယံလိဂ်ကို ပိုအာရုံစိုက်နိုင်အောင် နားရက် ခြောက်ရက်ထိပေးထားပေမဲ့ ဒေါ့မွန်အသင်းကတော့ ကြားရက်မှာ လိဂ်ပွဲကစားခဲ့ရပြီး နားရက်လေးရက်နဲ့ ပြင်ဆင်ချိန်နည်းပါးခဲ့တာ တွေ့ရပါတယ်။

ဒေါ့မွန်အသင်းက အဝေးကွင်းအားနည်းတဲ့ အသင်းဖြစ်သလို ခံစစ်ကစားတဲ့အပိုင်းမှာ အားနည်းတဲ့အသင်းဖြစ်ပါတယ်။ တစ်ဂိုးအသာနဲ့အနိုင်ရထားလို့ အဝေးကွင်းမှာ ထိန်းကစားလာဖို့ရှိပေမဲ့ ခံစစ်အားနည်းတဲ့အချက်ကြောင့် PSG အသင်းကို သေချာပေါက်ဂိုးပေးရပါလိမ့်မယ်။ ဂွန်ကာလိုရာမို့စ်၊ ဘာကိုလာ၊ ဒမ်ဘီလီ၊ အဆန်ဆီယို၊ မူရာနီနဲ့ အမ်ဘာပေတို့ ဦးဆောင်လာမဲ့ PSGအသင်းတိုက်စစ်က ဂိုးရဖို့များပါတယ်။

အိမ်ကွင်းမှာ အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ အနိုင်ရမှ သရေကျမဲ့ PSG အသင်း အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ ပြန်နိုင်မယ်လို့ ယူဆထားသလို ဒီပွဲရဲ့ ဘော်ဒီပေါက်ကြေးက တစ်လုံးသုံးဆယ်အရှုံးထိ ပေးထားတာတွေ့ရတာကြောင့် PSG အသင်း အနည်းဆုံးတစ်ဂိုးအသာနဲ့ ပြန်နိုင်မယ်လို့ ယူဆလို့ရပါတယ်။

PSG အသင်းသာ ဂိုးစောစောရခဲ့ရင် PSG ရဲ့ အနိုင်ကပြတ်သားသွားနိုင်သလို ဒေါ့မွန်အသင်းဂိုးစရခဲ့မယ်ဆိုရင် အိမ်ရှင် PSG အသင်း ဖောင်ဖျက်ပြီး တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေပဲ ဖြစ်လာဖြစ်လာ အိမ်ရှင် PSG အသင်း အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ ပြန်နိုင်မယ်လို့ ယူဆထားသလို ဖိုင်နယ်အဆင့်ကို PSG အသင်းကပဲ တက်ရောက်သွားမယ် ထင်ပါတယ်။

ရေနံလောင်းထားတဲ့ အသင်းဖြစ်တာကြောင့် အသင်းပိုင်ရှင်တွေ ဒီပွဲကိုနောက်တစ်ဆင့်တက်ဖို့ အဖက်ဖက်က ကြိုးစားလာတာမျိုးတွေလည်း ဖြစ်နိုင်တာကို ထည့်တွက်ထားပါတယ်။ တစ်ဂိုးအသာနဲ့ ကပ်နိုင်ခဲ့ရင် ပြားသုံးဆယ်ရှုံးမှာ ဖြစ်ပေမဲ့ PSG အသင်းဘော်ဒီကိုပဲ ရွေးချယ်ပေးချင်ပါတယ်။ အနည်းဆုံးတစ်ဂိုးအသာနဲ့ အနိုင်ရဖို့လိုအပ်သလို အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ ပြန်နိုင်မယ်လို့ ယူဆထားတာကြောင့် အိမ်ရှင် PSG အသင်းကို ပြားသုံးဆယ်ရင်းပြီး ဝယ်ယူသင့်သလို အမ်ဘာပေရဲ့ သွင်းဂိုးတွေကို မြင်ရမဲ့ ချန်ပီယံလိဂ်ညချမ်းကို စောင့်ကြည့်အားပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News