၇.၅.၂၀၂၄
Written by KL

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဂျပန်ကျွန်းစုကျေးရွာတွင် မိုးကြိုးထိမှန်မှုကြောင့် လူ ၁ ဦးနှင့် နွား ၄ ကောင် သေဆုံးမှု မေလ ၅ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

​အသက် ၃၉ နှစ်အရွယ် ဦးမိုးဟိန်းထွန်းက လယ်ထဲရှိ မြေပဲများကို အိတ်များ​​ဖြင့်ထည့်​ပြီး လှည်းဖြင့် ရွာထဲသို့ ပြန်လာစဥ် လမ်းခုလတ်၌ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရွာမှာက ဒီအချိန် မြေပဲကောက်တဲ့အချိန်ဆိုတော့ မြေပဲအိတ်တွေတင်ပြီး နွား၂ ကောင်ကို လှည်းမှာတပ်၊ ကျန်တဲ့၂ကောင်ကို လှည်းနောက်မှာ ချည်ပြီး ပြန်လာတုန်း မိုးကြိုးစက်ကွင်းထိပြီး လူရော နွားရော သေသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မေလ ၅ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စု၊ ဘဝသစ်စီမံကိန်း၊ အိုင်ကလောင်အကျဉ်းစခန်းနောက်ကြောတွင် လယ်ထွန်ရန် သစ်ပင်အောက်တွင် စောင့်ဆိုင်းနေ​သော လယ်ပိုင်ရှင်အမျိုးသား ၂ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သည်။ ထို့အပြင်
မေလ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်ကျေးရွာတွင် မိုးကြိုးပစ်ခံရ၍ နွား ၂၄ ကောင်သေဆုံးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *